Chapter 26သို့ရာတွင် ယခုနောက်ပိုင်းတွင်မူ သူတို့ဆရာတပည့်နှစ်ယောက်အကြားမှ သံယောဇဉ်က သိသာထင်ရှားလာသည်။ ကျိုးရွှမ်လန် ပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် ရှန်းလျိုရှန့်က တစ်ညလုံးတူတူလေ့ကျင့်ပေးခဲ့ပြီး ပြိုင်ပွဲကွင်းထဲတွင် ဒဏ်ရာရနေသော ကျိုးရွှမ်လန်ကိုဖက်ပြီး ငိုယိုနေသည့် ရှန်းလျိုရှန့်၏ပုံစံကြောင့် အားလုံးရင်ထဲ ထိသွားခဲ့ရသည်။
သူတို့အကြားမှ သံယောဇဉ်က အလွန်နက်ရှိုင်းလွန်းပေသည်။
ကျိုးရွှမ်လန်က နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးသည့်နောက်တွင် အင်မော်တယ်ရှန်းထံမှ ဆုလာဘ်ကို လက်ခံရတော့မည်ဖြစ်သည်။
အားလုံးက ထိုမြင်ကွင်းကိုတွေ့ရန် မျှော်လင့်နေကြသည်။
သို့သော်...
" ငါ မသွားဘူး..."
ရှန်းလျိုရှန့်က ပိုးထည်ထိုင်ခင်းတစ်ခုပေါ် သက်တောင့်သက်သာလှဲနေပြီး ခေါင်းအုံးပေါ် မေးတင်ထားကာ စပျစ်သီးအခွံခွာနေသည်။
" အရင်လိုပဲ မင်း ငါ့အစား သွားလိုက်လေ..."
လင်ဟွား သူ့နှဖူးကို ဖိနေလိုက်သည်။
" မင်းက ဂိုဏ်းထဲမှာပဲ နေတာနော်... လင်ရှောင်းခန်းမဆောင်ကို မျက်စိတစ်မှိတ်အတွင်းသွားရင် ရောက်တာကို ဘာလို့ ငါက မင်းကိုယ်စား သွားပေးရမှာလဲ..."
ရှန်းလျိုရှန့်က နှုတ်ခမ်းတွန့်ပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
မမေးနဲ့ ငါ့ကိုအဲ့လိုတွေ လာမမေးနဲ့...
ကျိုးရွှမ်လန်ဆိုတဲ့ကောင်လေးက ဒီလို ထူးချွန်ဆုမပြောနဲ့ အနိုင်ရနိုင်တာကို ရှုံးချင်ယောင်ဆောင်ခဲ့လို့ အကောင်းဆုံးသရုပ်ဆောင်ဆုတောင် ပေးထားသင့်တာလေ....
သူ့ကို ခေါ်မရကြောင်းသိသည့်အခါ လင်ဟွားက စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ငါကြားတာတော့ မင်းရဲ့တပည့်က ကြွယ်ချွန်းမြစ်မှာ လေ့ကျင့်နေတာ ရက်တော်တော်ကြာပြီတဲ့... အဲ့နေရာက အရမ်းအေးတာနော် အဲ့ကောင်လေးက ပိန်ပိန်ပါးပါးနဲ့ သနားစရာလေးကို..."

ВЫ ЧИТАЕТЕ
ပန်းလေးလိုလှတဲ့ ရှစ်စွမ်း
Любовные романыBL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 ht...