Episode (3)

240 29 9
                                    

Zawgyi Version

ည ကိုးနာရီ။
မှောင်မိုက်နေတဲ့ ကောင်းကင်မှာ ကြယ်တွေစုံတဲ့အချိန်။

ဒီနေ့က ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ဆိုပေမယ့် ဂျယ်မင်းကတော့ အိမ်မှာရှိမနေခဲ့ချေ။

ညဉ့်ငှက်တွေ ကျက်စားတဲ့ ဗန်ကူဗာရဲ့မြို့လယ်ခေါင် အနီးနားက နယ်မြေတစ်ဝိုက်ကတော့ တိတ်ဆိတ်ခြင်း ကင်းမဲ့လို့။ မျက်စိနောက်စရာ နီယွန်မီးရောင်စုံတွေက အရိုင်းဆန်ဆန် လင်းထင်းနေတယ်။ လူတန်းစားမရွေး ဝင်ထွက်သွားလာနေတဲ့နေရာမလို့ မျက်စိတစ်ဆုံး လူပေါင်းစုံနဲ့ ပျားပန်းခတ်မျှ စည်ကားနေခဲ့တာ။

ဂျယ်မင်း အဆောက်အဦတစ်ခုရဲ့ရှေ့မှာ ခြေချပြီးရပ်ကြည့်နေခဲ့တာ တော်တော်ကြာပြီ။ တိတိကျကျပြောရရင် အပြာရောင်နီယွန်မီးတွေနဲ့ အလှဆင်ထားတဲ့ ကလပ်တစ်ခုကို ရပ်ကြည့်နေတာ။ ဒီလိုနေရာမျိုးတွေ လာလေ့မရှိတဲ့ ဂျယ်မင်းအတွက်တော့ အထဲကိုဝင်ဖို့ အတော်လေးချီတုံချတုံဖြစ်နေတာလို့ ပြောရမယ်။

မွေးနေ့မလို့ ပါတီလုပ်ကြမယ်ဆိုတဲ့ အတန်းထဲကကောင်ရဲ့ ဖိတ်ကြားမှုကို လက်ခံလိုက်မိတဲ့အတွက်လည်း နောင်တရလို့ မဆုံးဘူး။ ပါတီဆိုတော့ ဂျယ်မင်းထင်လိုက်တာ အလွန်ဆုံး ဆိတ်ငြိမ်တဲ့ ဘားတစ်ခုလောက်ပေါ့။ ဒီလို အရိုင်းဆန်ဆန် အငွေ့အသက်တွေပြည့်နေတဲ့နေရာကို ခေါ်လာလိမ့်မယ်လို့တော့ သူမတွေးခဲ့မိတာ အမှန်ပဲ။

" Hey Jaemin! What are you watching? Let's go inside "

သူ့ပုခုံးကို လာပုတ်ပြီးပြောတဲ့ မွေးနေ့ရှင်ကို ဝင်လာခဲ့မယ်ဆိုတဲ့ သဘောနဲ့ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ ကလပ်ရဲ့အဆောက်အဦကိုကြည့်ပြီး သူသက်ပြင်း အသာချလိုက်ရင်း အထဲကိုဝင်လာလိုက်တာပဲ။

သူဝင်သွားလိုက်တာနဲ့ ခပ်ရိုင်းရိုင်းတီးလုံးတွေက ဂျယ်မင်းရဲ့ အကြားအာရုံဆီကို နားကလော်စွာပဲ ဝင်လာတယ်။ ရှုလိုက်မိတဲ့လေထုထဲမှာ အယ်လ်ကိုဟောနဲ့ ဆေးခြောက်ငွေ့တွေက မွှန်ထူလို့။ ခပ်ပြင်းပြင်းသံစဉ်တွေနဲ့အပြိုင် လူတိုင်းဟာ စိတ်ကြွနေခဲ့တယ်။

မာကျူရီမီးရောင်တွေကြားမှာ အနောက်တိုင်းသူ မိန်းမလှလေးတွေက အဝတ်မမဲ့ရုံတမယ်။ သွားရည်တမြားမြားနဲ့ အမျိုးကောင်းသားတွေကို သွေးကြွလာအောင် ဆွဲဆောင်နေခဲ့သလိုမျိုး။ စင်မြင့်တစ်ခုပေါ်မှာတော့ အဖော်အချွတ်မယ်တစ်ယောက်က သီချင်းနဲ့အညီ စီးချက်ညီညီလှုပ်ရှားရင်း တစ်ကိုယ်လုံးကို ခါရမ်းပြလျက်ရှိတယ်။ စင်အောက်မှာ အားပေးနေကြတဲ့ လူကြီးလူကောင်းတွေကတော့ စင်ပေါ်ကို ဆုအနေနဲ့ ကြေးအမျိုးမျိုး ပစ်ပေးနေကြတယ်။ အဲ့လို လူကြီးလူကောင်းတွေထဲမှာ သူ့ကိုခေါ်လာတဲ့ မွေးနေ့ရှင်နဲ့ အပေါင်းအပါတွေလည်းပါတယ်။

The Accidental Fate Where stories live. Discover now