Chapter 47

2.2K 256 0
                                    

Unicode

လှုပ်ရှားမှုတွေက ရိုးရှင်းပြီး သပ်ရပ်တယ်။ထိုလူကို ချက်ခြင်း သူ့လက်အောက်ရောက်အောင် လုပ်လိုက်တဲ့သူကတော့ လော့ချယ်ပဲ။လူကို မြေကြီးပေါ်ဖိထားပြီး မလှုပ်မရှားအောင်လုပ်ပြီးချိန်မှာ သူက ခေါင်းမော့လာပြီး ကုမျန်ကိုမေးလာတယ်။ “မင်း နာသွားလား”

ကုမျန်က ခေါင်းခါလိုက်ပြီး "မနာသွားပါဘူး၊ ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ"

"ကိုယ် ဖြတ်လာဖို့ဖြစ်သွားရုံပါ" လော့ချယ်ရဲ့ အသံက အနည်းငယ်ဂရုမစိုက်‌ပုံရပေမယ့် တကယ်တော့ ကုမျန်တစ်ယောက်တည်း ထီးကိုင်ပြီး အပြင်ထွက်သွားတာကို မြင်ခဲ့ရတယ်လို့ လော့ကျစ်ယွီပြောလိုက်တာကြောင့် တချက်ကြည့်ဖို့ နောက်ကနေ လိုက်လာခဲ့တာ။ မမျှော်လင့်ပဲ တစ်စုံတစ်ခုက တကယ်ဖြစ်ပျက်သွားခဲ့တယ်။

ကံကောင်းထောက်မစွာနဲ့ သူ သူမနောက်ကို လိုက်လာမိလို့ပေါ့။

ထိုလူရဲ့နိုးကြားမှုကို လျှော့ချဖို့အတွက် လော့ချယ်က ခြေလှမ်းစိတ်စိတ်နဲ့သာ ချဉ်းကပ်လာတာကြောင့် ထိုသူနဲ့ကုမျန်ကြားမှ စကား၀ိုင်းကို မကြားခဲ့ရဘဲ  ကုမျန်က သူမရဲ့ တတ်ယောင်ကားရှေးဖြစ်ဟောပညာကို အားကိုးပြီ အကျပ်အတည်းကို ရပ်တန့်ခဲ့ပြီးတာကို သူမသိခဲ့ပေ။

ဖိနှိပ်ထားခံရတဲ့လူက ရုန်းကန်နေပြီး ကြမ်းပြင်ပေါ်မှာ အဆက်မပြတ်အော်ဟစ်နေကာ၊ "မင်း ငါ့ကို ကတိပေးထားတယ်၊ မင်းငါ့ကို ရှင်းရှင်းလင်းလင်း ကတိပေးခဲ့တယ်လေ အခု ဒါက ဘာလဲ"

လော့ချယ်က ကုမျန်ကို သံသယနဲ့ ကြည့်လိုက်တယ်။

ကုမျန်က ဖြစ်ပျက်ခဲ့တာတွေကို စကားအနည်းငယ်နဲ့ ရှင်းပြလိုက်ပြီး သူမရဲ့လက်ကို ပေါ့ပေါ့ပါးပါးဖြန့်ကာ"ဒါက ဒီလိုဖြစ်သွားတာပဲ ကျွန်မက သူ့ကို ပိုက်ဆံချေးပေးမယ် အနာဂတ်မှာ သူက လူကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ကျွန်မမျှော်လင့်တယ်"

လော့ချယ်က ခဏလောက် တိတ်ဆိတ်သွားတယ် ။သူ မပေါ်လာရင်တောင် ကိစ္စမရှိလောက်ဘူးဆိုတဲ့ နားလည်ရခက်တဲ့ ခံစားချက်တစ်ခု သူ့ရင်ထဲမှာ ထွက်ပေါ်လာတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now