Chapter -1

41 5 0
                                    

"ကိုယ်တို့လမ်းခွဲရအောင်"

အေးစက်စက်ဆောင်းမှာကိုကိုဟာ
သူမအပေါ်အညှာတာမဲ့စွာဖြင့်
စကားဆိုလာတယ်။ဒါကရောထပ်ပြီးကစားစရာအသစ်ကို
တွေ့သွားပြန်တာကြောင့်လား။

"ဟင့်အင်း...ယူရှီကိုကို့
ကိုချစ်တယ်"

"ကိုယ်ကမချစ်တော့ဘူး"

"တစ်လပဲလေ တစ်လလောက်ဖြစ်ဖြစ်
ဆက်တွဲပေးလို့မရဘူးလားဟင်"

"ကိုယ်စိတ်မပါဘူးယူရှီဒီလောက်
နဲ့ပဲရပ်လိုက်ရအောင်"

သူမလက်တွေအားပုတ်ချသွားတဲ့
ကိုကိုဟာသူမအားနည်းနည်းလေးမှ
သံယောဇဥ်ရှိဟန်မတူ။ထွက်သွား
ပါသောထိုယောင်္ကျား၏ကျောပြင်
လေးအားငေးရင်းသူမကျန်ရစ်ခဲ့ရသည်။
သူ့လိုမိန်းကလေးမျိုးကိုတောင်
ထားခဲ့တယ်ပေါ့လေ။ထုံးစံအတိုင်းအသစ်တွေ့လို့သူမအားဖြတ်သွားခြင်း
ပေဖြစ်လောက်မည်။

မျက်ရည်များအားအကြမ်းပတမ်း
သုတ်ရင်းသူမထိုနေရာမှထွက်လာ
ခဲ့လိုက်သည်။ကိုယ့်အပေါ်သံယောဇဥ်
မရှိတဲ့သူတစ်​ယာက်အတွက်နဲ့
ခံစားရတာမတန်လိုက်တာ။

"စီနီယာ့​သူငယ်ချင်းတွေက Canteenဘက်ကိုလာခဲ့ပါတဲ့"

"ကျေးဇူးပဲ"

Canteenကဝိုင်းမှာဝင်ထိုင်တော့
စကားကောင်းနေတဲ့ထိုကောင်တွေဟာ
သူ့အားအာရုံပင်မရတာကြောင့်
ဂျောင်ဂုတစ်ယောက်သူ့ဗီဇလေး
အတိုင်းစိတ်ကမကြည်ချင်တော့။

သူ့အားattentionမပေးလျှင်
မကြိုက်သည့်ဂျောင်ဂုအကျင့်ကြောင့်
ရုပ်တည်တည်ဖြင့်သာသူတို့ပြောသမျှ
ကိုလိုက်နားထောင်နေလိုက်သည်။

"ဒီနေ့ငါတို့ကျောင်းကို ကျောင်းသားသစ်တွေရောက်မယ်တဲ့"

အဖွဲ့ထဲမှ ဒိုယောင်းဟာတက်ကြွစွာ
ပြောလာတယ်။ကျန်တဲ့သူတွေဟာ
သိသားပဲဆိုတဲ့အကြည့်နဲ့။
နှစ်စထဲကရောက်နေတဲ့ကျောင်းသားသစ်တွေဟာကုန်ကိုမကုန်နိုင်။

မကြာခဏဆိုသလိုရောက်နေတာ
ဖြစ်တယ်။တစ်ကျောင်းလုံးလိုလိုလည်းလူသစ်တွေချည်းပဲ။

ဒါလည်းတစ်ခုကောင်းပါတယ်။
အသစ်လေးတွေဆိုတော့လည်း
ဆန်းတာပေါ့။

The man who can't be movedWhere stories live. Discover now