Chapter -2

23 2 0
                                    

ရေခဲသေတ္တာထဲမှစတော်ဘယ်ရီများအားယူကာမုန့်ဘူးလေးထဲအစီအရီ
ထည့်လိုက်သည်။စတော်ဘယ်ရီယို
သုတ်ထားသောပေါင်မုန့်များကလည်း
မပါမဖြစ်ထည့်ရသေးသည်။မုန့်များ
ထည့်လို့ပြီးပြီဆိုကာမှယူနီဖောင်းအား
လဲဝတ်လိုက်သည်။

စာရေးစားပွဲပေါ်တွင်ချွတ်ထားသောမျက်မှန်အားကောက်တပ်လျက်မိမိကိုယ်ကိုမှန်ထဲတွင်တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ခပ်အုပ်အုပ်ဖြစ်နေသောဆံပင်များကိုဂျယ်အနည်းငယ်သုံးကာဖြီးလိမ်း၍ဖတ်လက်စဝတ္ထုစာအုပ်များကိုအိတ်ထဲသို့ထည့်ကာမှတ်တိုင်ဆီသို့ခပ်သုတ်သုတ်ခြေလှမ်းရလေသည်။

Seoulမြို့၏တက္ကသိုလ်ကျောင်းဝန်းကြီးထဲရှိနေရာအစုံကိုဝေ့ဝဲကြည့်နေသည့်အချိန်များပြားလှသောကျောင်းသားလူ
အုပ်ကြီးထဲမှအသံတစ်သံဟာခပ်ကျယ်ကျယ်ထွက်လာသည်။

"ထယ်​ယောင်း...ထယ်ယောင်း "

ထိုအသံပိုင်ရှင်ဟာတစ်ခြားသူမဟုတ်။
ဒိုယောင်းရဲ့အသံပင်ဖြစ်သည်။
ဘာဖြစ်လို့အဲ့လောက်တောင်သူ့နာမည်ကို
အကျယ်ကြီးအော်ခေါ်နေရသည်မသိ။

ကျောင်းသားတစ်ချို့ကလည်းသူ့အားကွက်တိကွက်ကျားကြည့်နေကြသည်မို့ထယ်ယောင်းမှာမျက်နှာပူပူဖြင့်သာပြုံးပြလိုက်သည်။

ဒါကိုဟိုငပြူးကောင်ကအားကြီးနဲ့မထူး
မချင်းအော်ခေါ်နေတုန်း။

"ဟေ့ကောင်..တိုးတိုးအော်ပါကွာ။
ဟိုမှာလူတွေဝိုင်းကြည့်ကုန်ပြီ"

ထိုအခါမှသွားစွယ်တွေပေါ်တဲ့အထိ
ရယ်ပြကာထယ်ယောင်းနားသို့လျှောက်လာလေသည်။

"ဆောရီးပါကွာ..ငါကမင်းယောင်လည်လည်ဖြစ်နေမှားစို့လို့
လှမ်းခေါ်လိုက်တာပါ"

"လှမ်းခေါ်တာမဟုတ်ပါဘူးကွာလှမ်းအော်တယ်လုပ်ပါ"

ထယ်ယောင်းရဲ့မကျေမနပ်အပြောလေးကိုသဘောတကျပြုံးလျက်ခေါင်းလေးအားပုတ်လိုက်သည်။ဒီကောင်လေးကလေကလေးလူကြီးပေါက်စလေး။

"ငါက လူအုပ်ကြီးထဲမှာမင်းလမ်းပျောက်နေမှာစိုးလို့ပါနော်"

The man who can't be movedWhere stories live. Discover now