Chapter 2

1.5K 203 3
                                    

Chapter 2

၎င်းသည် ကျိကျွယ်ချွမ်းအနေဖြင့် တစ်ဖက်သူကို သေသေချာချာကြည့်မိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ 

သူ့အမြင်တွင် ယန်ရန်သည် သောက်စားပျော်ပါးရင်း အချိန်ဖြုန်းနေသည့် လူ့ပေါ်ကျော့သခင်ငယ်လေးတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်မှာ အနံ့ပြင်းပြင်းရေမွှေးများ အမြဲစွဲထင်လေ့ရှိပြီး ခန္ဓာကိုယ်တွင်လည်း accessories များစွာ ဝတ်ဆင်လေ့ရှိသည်။

သူ့ကားထဲတွင် မနှစ်မြို့ဖွယ်ရေမွှေးနံ့များ စွဲထင်မည်စိုးသောကြောင့် ယနေ့တွင် သူ သိပ်အသုံးမပြုသောကားကို မောင်းလာခဲ့သည်။ သို့သော် သူထင်ထားသလို ရေမွှေးနံ့များမရပေ။

ယခု သေသေချာချာကြည့်လိုက်တော့မှ ယနေ့ ယန်ရန်၏ပုံစံသည် အရင်ကနဲ့အတော်လေးကွဲပြားနေမှန်းသိလိုက်ရသည်။

သန့်ရှင်းသပ်ရပ်နေသည်သာမက သူ့ခန္ဓာကိုယ်တွင်လည်း ရေချိုးဆပ်ပြာရနံ့ သင်းသင်းလေးလည်း ရနေသည်။ သူ၏သွယ်လျဖြူဖွေးသော လည်တိုင်နှင့် ပန်း​ရောင်နားရွက်များတွင်လည်း မည်သည့်အဆင်တန်ဆာမျှမရှိသောကြောင့် ယခင်ကထက် မျက်စိပ​​သာဒဖြစ်လေသည်။ 

ယခုအခါ ဖျော့တော့သောမျက်ဝန်းတစ်စုံသည် သူ့အား ကြောက်ရွံ့စွာကြည့်နေပြီး မဝံ့မရဲလက်ဆန့်ကာ သူ့ဖုန်းကိုပြန်ယူရန် လှမ်းလာသည်။

ကျိကျွယ်ချွမ်းသည် သူ့မျက်လုံးများကို မှေးကျဉ်းကာ ဖုန်းကို ​မြင့်​မြင့်မြှောက်လိုက်သည်။ 

"ဒါ ကျွန်တော့်သူငယ်ချင်းအတွက်မေးထားတာပါ။ ခင်ဗျား၊ ခင်ဗျားအထင်မလွဲနဲ့နော်။"

ယန်ရန်သည် သူ့လက်ချောင်းများကို တင်းတင်းဆုပ်ကာ မတုန်ယင်အောင်ကြိုးစားနေပြီး ကြည်လင်သောသူ့မျက်ဝန်းများကို အဝေးသို့ အကြည့်လွှဲလိုက်သည်။ သူ့မျက်တောင်များမှာ အပြစ်ရှိစိတ်ကြောင့် တဖျပ်ဖျပ်တုန်ခါနေသည်။

"လွန်ခဲ့တဲ့ ၅မိနစ်က?" ကျိကျွယ်ချွမ်းသည် ပို့စ်တင်သည့်အချိန်ကိုကြည့်လိုက်ပြီး ခေတ္တမျှ ဗဟေဠိဖြစ်စွာ ရပ်လိုက်သည်။ "တိုက်ဆိုင်လိုက်တာနော်"

အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ / အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ Where stories live. Discover now