Chapter 18

215 60 0
                                    

Chapter 18

ရှုန်းမို့ဝမ်၏ ဦးနှောက်သည် ခဏတာ ​အေးခဲသွားသည်။ 

သူပုံကိုနှိပ်ကာ အနီးကပ်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး တောင့်ခဲသွားသလို အချိန်အတော်ကြာသည်အထိ မလှုပ်ရှားနိုင်ခဲ့။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်ကို သူသတိရသွားသည်။ 

အဲ့အချိန်တုန်းက ယန်ရန်က ကျိကျွယ်ချွမ်း၏ ရုံးခန်းထဲကနေ မျက်ဝန်းများနီရဲကာ ထွက်လာသည်။ သူ(ရှုန်းမို့ဝမ်) သူ့(ယန်ရန်)ကို စကားနည်းနည်းပြောမလို့ လုပ်တုန်းကလည်း ကျိကျွယ်ချွမ်းက သူ့ကို လမ်းလာပိတ်ခဲ့သည်။

အဲ့အချိန်တုန်းက ကျိကျွယ်ချွမ်းက သူ့ကို သိသိသာသာ ရန်လိုနေသည်။

ဒါပေမယ့် ယန်ရန်လို လူရိုးလေးက ဘယ်လိုလုပ် ကျိကျွယ်ချွမ်းလိုလူနဲ့ အတူရှိသွားတာလဲ?

group chat က သက်ဝင်တတ်ကြွနေဆဲဖြစ်သည်။

“couple တွေပဲ ဒီ avatar နှစ်ခုကို သုံးလို့ရတာလား! ငါလို Single တစ်ယောက်က သုံးဖို့ မထိုက်တန်လို့လား?”

“မြန်မြန်သာ change ပစ်လိုက်စမ်းပါ။ နင်က ဥက္ကဋ္ဌကျိနဲ့ avatar အတူတူသုံးရဲလို့လား?”

“မပြောင်းဘူးကွာ။ FA တစ်ယောက်ရဲ့ ခေါင်းမာမှုပဲကွ။”

ထိုစာကိုပို့ထားတဲ့ လူရဲ့ avatar က ယန်ရန်ရဲ့ avatar နှင့် အတူတူပင်ဖြစ်သည်။

ရှုန်းမို့ဝမ်၏ ရင်ထဲကကြိုးထုံးက ပြေလျော့သွားသည်။

ကုမ္ပဏီတစ်ခုထဲက လူတွေတောင် avatar ချင်း တူသွားနိုင်သေးတာ ယန်ရန်ရဲ့ avatar ကလည်း တိုက်ဆိုင်မှုတစ်ခုနေမှာပါ။

တွေးကြည့်လိုက်ရင် ယန်ရန်နဲ့ ကျိကျွယ်ချွမ်းတို့က တူညီတဲ့ကမ္ဘာကမှ မဟုတ်ကြတာ။ အရင်တစ်ခေါက် သူတို့နှစ်ယောက်က မိတ်ဆွေတွေမှန်း သူသိသွားတုန်းကတောင် သူနည်းနည်းမယုံနိုင် ဖြစ်သွားခဲ့တာ။ စုံတွဲတွေဆို ပိုဝေးရောပေါ့။

group ထဲက စာတွေကို သူဆက်မဖတ်တော့ဘဲ ပြန်ထွက်လိုက်သည်။ ယန်ရန်က သူ့ကို expression sticker တစ်ခုနှင့် စာပြန်ထားသည်ကို တွေ့လိုက်သည်။ 

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ / အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ Where stories live. Discover now