Chapter 14

684 116 11
                                    

Chapter 14

ကျိကျွယ်ချွမ်းသည် ယန်ရန်ဘာတွေးနေသလဲဆိုတာ မသိနိုင်။ 

သူ ပန်းကန်ထဲကငါးကို ခဏလောက် စိုက်ကြည့်လိုက်ပြီး ယန်ရန်၏ တအံ့တဩစိုက်ကြည့်နေမှုအောက်တွင် ငါရိုးများကို တူဖြင့်နွှင်ကာ အသားများကို ပန်းကန်ထဲပြန်ထည့်လိုက်သည်။ 

“အစားချေးမများနဲ့”

ယန်ရန်သည် အမှန်တရားကို အပြောခံလိုက်ရသဖြင့် ရှက်ရွံ့သွားပြီး မျက်တောင်ပုတ်ခတ်ပုန်ခတ်လုပ်ကာ နာနာခံခံဖြင့် ခေါင်းကိုငုံ့၍ ငါးများကို စားလိုက်သည်။ 

“နောက်မှ လုကျိကို ကုမ္ပဏီထဲ လိုက်ပြခိုင်းလိုက်မယ်။ ပြီးရင် ညနေကျ ညစာစားဖို့ ခေါ်သွားပေးမယ်။”

“အင်း” ယန်ရန်အနေဖြင့် ငြင်းစရာအကြောင်းမရှိပေ။ အိမ်မှမပြန်ရတာ အဲ့တော့ ဘယ်နေရာဖြစ်ဖြစ် လျှောက်ပတ်ကြည့်လိုက်တာ ပိုကောင်းတာပေါ့။

“လျှောက်ပတ်ပြေးမနေနဲ့ဦး၊ တခြားသူတွေနဲ့လည်း ကြုံသလို စကားမပြောနဲ့။” လေသံမှာ ကလေးတစ်ယောက်ကို မှာကြားနေသလိုပင်။

ယန်ရန်ထင်လိုက်တာကတော့ သူ(ကျိကျွယ်ချွမ်း)က လက်ထပ်ပွဲအကြောင်း လျှောက်ပြောမှာကို စိုးရိမ်နေတာပဲဖြစ်မည်ဟုပင်။ ထို့ကြောင့် သူချက်ချင်းပင် ပြင်းပြင်းထန်ထန်ခေါင်းငြိမ့်ပြလိုက်သည်။

ကျိကျွယ်ချွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကံကောင်းတာက ဒီနေ့က ရုံးပိတ်ရက်ဖြစ်နေသောကြောင့် ကုမ္ပဏီမှာ လူများများမရှိ။ မဟုတ်လို့ကတော့ မကြာခင်မှာပဲ ကုမ္ပဏီထဲက ဝန်ထမ်းအုပ်စုတွေ ရူးလောက်စရာအတင်းပြောမှုတွေ ​​တွေ့လာရနိုင်တယ်။

နေ့လည်စာစားပြီးသွားတော့ လုကျိက အချိန်ကိုက်ပဲ ရောက်ချလာသည်။

ကျိကျွယ်ချွမ်း၏ညွှန်​ကြားချက်ကိုကြားတော့ လုကျိသည် သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများကို အနည်းငယ်ပြူးကာ ရင်ဘက်ကိုပုတ်​ပြလျက် “ဥက္ကဋ္ဌကျိ၊ စိတ်ချပါ။ ကျွန်တော် ယန်သခင်လေးကို မှဲ့တစ်ပေါက်မစွန်းစေဘဲ ပြန်ခေါ်လာခဲ့ပါမယ်။”

အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ / အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ Where stories live. Discover now