Part.1

328 18 5
                                    

" မမနိုင် မမနိုင် ..."

"ဝေ... မိစုလား ငါမီးဖိုခန်းထဲမှာဝင်ခဲ့.."

အိမ်ရှေ့ကနေ တစ်စာစာအော်ဟစ်လာတဲ့ မိစုက ထမင်းစားပွဲမှာဝင်ထိုင်ပြီး ရေတစ်ခွက်ငှဲ့သောက်လိုက်ကာ

"မမနိုင် သိပြီးပြီလား ... မမနိုင်တို့ ဘေးအိမ်ကို လူသစ်တွေပြောင်းလာပြီတဲ့.."

"ဟေ ဟုတ်လား ငါမသိရပါလား။ အခုနင်ပြောမှသိတယ်
ကောင်းတာပေါ့ ငါတို့အိမ်က ရပ်ကွက်အစွန်ဆုံး ဖြစ်နေတဲ့အပြင် ဘေးအိမ်ကပါလူမရှိတော့ ညရေးညတာဆိုရင် နဲနဲတော့ ခြောက်ချားစရာကောင်းနေတာလေ ငါတို့သားအမိ အဖော်ရသွားတာပေါ့ "

" ဟုတ်ပတော် ကျမအိမ်ကလဲ မမနိုင်အိမ်နဲ့က နဲနဲလှမ်းနေတော့ အရေးအကြောင်းဆို ခေါ်မကြား အော်မကြားလေ။
အိမ်နီးချင်းနဲ့ အဆင်ပြေအောင်နေနော် မမနိုင်.."

" အမလေး ကျုပ်ကိုများ ညည်းလိုထင်နေလား စပ်စုစိန်မရဲ့"

"ဟီးးး.."

ဟီးခနဲ သွားဖြဲရီပြနေတဲ့ မိစုမဆိုတာ သူမတို့ရပ်ကွက်ထဲက CCTV ။ရပ်ကွက်ထဲက ကိစ္စကြီးငယ်မရွေး သူမသိတာမရှိရတဲ့ အော်ပီကျယ်မ။ နိုင်နိုင်သွေးလဲ ဒီရပ်ကွက်ကိုပြောင်းလာကာစကတော့ မိစုမတို့လို ငယ်မွေးခြံပေါက် စပ်စုစိန်မတွေနဲ့ သဟဇာတမတည့်ခဲ့လေဘူးပေါ့။

မတည့်ဆို နိုင်နိုင်သွေးဆိုတာက အစကတည်းကရှုပ်ရှုပ်ယှက်ယှက်မကြိုက်တတ်လို့ ရပ်ကွက်ကအစွန်ဆုံးအိမ်ကိုမှ မရရအောင်ရှာဝယ်ခဲ့တဲ့မိန်းမ မဟုတ်လား။

ရပ်ကွက်ထဲပြောင်းလာစကတော့ တစ်ခုလပ်မ ကလေးတစ်ယောက်အမေ ဆိုပြီး တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး အတင်းပြောခံခဲ့ရတာများ လူးလှိမ့်နေရောပေါ့။
အခုများတော့ နိုင်နိုင်သွေးရဲ့ အကြောတင်းတဲ့‌ဂရုမစိုက်မှုအနုပညာတွေကြောင့် အတင်းပြောသူတွေလဲ ဖတ်ဖတ်ကိုမောပြီး မပြောနိုင်ကြတော့တာမျိုး။ ရိုးသွားတာလဲ ပါမှာပေါ့လေ။

"ရောင်နီသွေး ရေ ထတော့ဟေ့ ရှစ်နာရီထိုးနေပြီ...ဒီနေ့ကျောင်းပြန်ဖွင့်မဲ့ပထမဆုံးနေ့နော် ကျောင်းနောက်ကျရင် နောက်ဆုံးတန်းထိုင်နေရမယ် ငသွေးရေ "

REPLY 1991Where stories live. Discover now