ကျောင်းပိတ်ရက်စနေနေ့ဆို ထုံးစံအတိုင်း ကိုသွေးတို့အုပ်စုက တစ်လမ်းကျော်က ကာတွန်းစာအုပ်ဆိုင်ကိုပြေးကြလေပြီ။
" အန်တီ တွတ်ပီအသစ်ထွက်သေးလား"
"ထွက်ပါ့တော်။ ရှင့်အတွက်ချန်ထားတာလေ။ အယ်...ဒီနားက တွတ်ပီစာအုပ်အသစ်ဘယ်ရောက်သွားလဲ"
ထိုစဉ် ကိုသွေးရှေ့စာအုပ်ပုံပေါ်သို့ ဖုတ်ခနဲကျလာတဲ့ တွတ်ပီနောက်ဆုံးထွက်ကာတွန်းစာအုပ်ကလေး။
ပစ်ချပေးသူကို ကိုသွေးမော့ကြည့်လိုက်တော့ ဘေးအိမ်ကကောင်လေး။ ကောင်လေးက စာအုပ်ကိုပစ်ချပေးကာ တစ်ဖက်ခြမ်းက စာအုပ်စင်တွေကြားထဲပြန်ဝင်သွားပြီး စာအုပ်အဟောင်းတွေထဲသာ မွှေနှောက်ရှာနေတော့သည်။" မင်းဖတ်ဖို့ယူထားတာဆိုယူလေ။ မင်းပြန်အပ်မှ ငါဖတ်မယ်။မင်းအရင်ရောက်တာဆိုတော့ မင်းယူလိုက်"
" အာရုံနောက်လိုက်တာ "
"ခွန်မိုင်းဆက်"
ကိုသွေးက သူ့ရှေ့ကရှောင်ပြေးရန်ပြင်နေတဲ့ကောင်လေးရဲ့ပခုံးကို လှမ်းဆွဲလိုက်တော့ ကိုသွေးလက်ကို ဆတ်ခနဲပုတ်ချကာ
"ဝေးဝေးနေပေးလို့မရဘူးလား"
"နေလို့မရဘူးလေ။ အိမ်ချင်းကကပ်နေတာကို"
"မင်း..."
"မင်းမဟုတ်ဘူး။ ငါမင်းထက်နှစ်နှစ်တောင်ကြီးတယ်။ ကိုကြီးလို့ခေါ်။ မဟုတ်လဲ ရွှေပိုးတို့ခေါ်သလို ကိုကိုသွေးလိူ့ခေါ်လို့ရတယ်...ငါ့နာမည် ရောင်နီသွေး"
"မင်းနာမည် ငါမေးမိလို့လား...ဘာလို့ငါ့ကို ရင်းနှီးသလိုလာလုပ်နေတာလဲ။ဖယ်စမ်းပါ အာရုံနောက်လိုက်တာ"
ထိုစဉ် ရွှေပိုးက လှစ်ခနဲ သူတို့နားရောက်လာကာ
" ဟဲ့ ကိုသွေးက နင့်ကိုသနားလို့လဲ ခေါ်ပြောနေရသေးတယ်။နင်ကဘာဖြစ်နေတာလဲ "
"ရွှေပိုး တိတ်စမ်း"
ရွှေပိုးထံမှ သနားလို့ဆိုတဲ့စကားအဆုံး ကောင်လေးရဲ့ မျက်ဝန်းထောင့်ထဲ ဖျက်ခနဲလက်သွားတဲ့ အရည်ကြည်စတို့ကို ကိုသွေးက မြင်ဖြစ်အောင်မြင်လိုက်လေသည်။
YOU ARE READING
REPLY 1991
Romanceကိုယ်က ချစ်မိသွားတယ်ဆိုတာ ရှားပါတယ် တော်ရုံဘယ်အရာကိုမှ မစွဲလန်းတတ် အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်ပေါ့ကွယ် အင်း...ကြောင်လေးနဲ့တူတဲ့ မင်းကိုတော့ မင်းကိုတော့ဖြင့်....... ရောင်နီသွေး ----------------------- မာမီကပြောတယ် နင်ကကြောင်လိုကောင်တဲ့ အချစ်သာ ခံချ...