Part.3

56 10 0
                                    

ဒီနေ့တော့ ဟိုဘက်အိမ်က အိမ်တက်အလှုဖိတ်ထားလို့
မေမေနှင့်အတူ အလှူသွားပြီး ဝါးတီးဆွဲရန် ဝါးတီးကုတ်လေးနှင့် ရောင်နီသွေးက မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ်ကြည့်မဝပေ။

"ကိုသွေးရေ ပြီးပြီလား သွားမယ်..."

"ပြီးပါပြီ မမနိုင်ရှင့် ...အဲလေ ခင်ဗျ...."

"ပြောင်စပ်စပ်နဲ့ ငါခေါက်လိုက်ရ...တည်တည်ငြိမ်ငြိမ်နေစမ်းပါနင်.."

"မနေနိုင်ပါဘူးဗျာ ...ကိုယ့်မေကို ချစ်လို့စတာ ဘာဖြစ်လဲ ဘာဖြစ်လဲ..."

ဆပ်ပြာမှုန့်ကြော်ငြာထဲက  ချစ်လို့ကျီဆယ်ပေသွားတယ် ဘာဖြစ်လဲ ဘာဖြစ်လဲဆိုတဲ့ မင်းသားဒွေးလိုဟန်ပန်မျိုး မတူတူအောင်လုပ်ပြီး မဲ့ရွဲ့ပြလာတဲ့ သားတော်မောင်ဟာ
မျက်နှာထားတင်းတင်းနေ‌တတ်တဲ့ မိမိနှင့် ဘယ်လိုကြောင့်များ လားလားမှတူမနေရပါသလဲနော်။

မေမေနှင့်အတူ ဟိုဘက်အိမ်ကိုရောက်တော့ အိမ်ရှင်ဖြစ်ဟန်တူသူ ဦးလေးကြီးနှင့် အန်တီကြီးက လာသမျှရပ်ကွက်ထဲကလူတွေကို သိသိ မသိသိပြုံးပြနှုတ်ဆက်ဧည့်ခံနေလေသည်။

" လာလာ မမ...မမတို့က ဘေးအိမ်ကမလား... ညီမတို့လဲ အိမ်မှာပစ္စည်းတွေနေရာချနေရတာနဲ့ လာမနှုတ်ဆက်အားသေးတာ မမရယ်...ရပ်ကွက်ထဲကစတိုးဆိုင်ကတော့ပြောပါတယ်...ညည်းတို့အိမ်နီးချင်းကံကောင်းတယ်...ဘေးအိမ်ကသားအမိက အရမ်းသဘောကောင်းတယ်တဲ့"

" အို... ဟုတ်ပါပြီ ညီမလေးရယ် အိမ်နီးချင်းတွေဆိုတော့ နောက်ဆို အကူအညီလိုတာရှိရင်ပြောနော် မမတို့က သားအမိနှစ်ယောက်ထဲနေတာ။ ဒါကမမသား ရောင်နီသွေးတဲ့..."

" သားလေးက လူချောလေးပဲ ညိုချောလေးနော်..."

" ဟီးးးကျေးဇူးပါအန်တီ"

သူ့ကိုချောတယ်ပြောလာတော့ ‌ကိုသွေးသဘောတကျပင် ပြုံးပြကာပြန်လည်နှုတ်ဆက်လိုက်လေသည်။
အိမ်ထဲကိုမသိမသာဝေ့ဝဲကြည့်လိုက်တော့ အပေါ်ထပ်ကဆင်းလာတဲ့ ကောင်ငယ်လေးက ကိုသွေးတို့ဝိုင်းထံအကြည့်ရောက်လာကာ ထုံးစံအတိုင်း ခပ်တည်တည်ပင် မျက်နှာလွှဲသွားလေသည်။

REPLY 1991Where stories live. Discover now