Part.7

49 11 3
                                    

ဇူလိုင်မိုးဖွဲလေးတွေ ဖြည်းညှင်းစွာခုန်ပေါက်ကျဆင်းနေတဲ့ တစ်ခုသော ညနေခင်းမှာ ကိုသွေးတို့အဖွဲ့ ကျူရှင်တွေမရှိတာကြောင့် လူစုံတက်စုံကျောင်းအတူတူပြန်ရတဲ့နေ့လေးဖြစ်သည်။

ကိုသွေးနှင့် ရွှေပိုးက စက်ဘီးတစ်ယောက်တစ်စီး စီးကာ
မိုးဦးနှင့်နွေဦးညီအကိုက စက်ဘီးတစ်စီးဖြစ်သည်။
ကိုသွေးတို့ ရပ်ကွက်နှင့်ကျောင်းကြားမှာ လူရှင်းတဲ့ ဘုန်းတော်ကြီးကျောင်းဝိုင်းတွေသာရှိတဲ့လမ်းတစ်လမ်းကိုဖြတ်ပြန်ရလေသည်။ ဘုန်းကြီးကျောင်းလမ်းကြားကနေအဖြတ်

"ကိုသွေး ရှေ့မှာရန်ဖြစ်နေတာလားမသိဘူး"

မိုးဦးအပြောကြောင့် ကိုသွေးနှင့်ရွှေပိုးက စက်ဘီးကိုအရှိန်လျှော့လိုက်ကာ လှမ်းစပ်စုလိုက်တော့ ယောက်ျားလေး ငါးယောက်ခန့် အဖွဲ့တစ်ခုရဲ့အလယ်မှာ ဟိုဘက်အိမ်ကကောင်လေးကို တွေ့လိုက်ရသည်။ ဂျာမနီပြိုင်ဘီး အနီရောင်လေးကတော့ မိုးရေထဲမှာ လဲကျနေလေသည်။
ကိုသွေးက ရန်ပွဲဆီတိုးဝင်ရန်စက်ဘီးကိုအရှိန်တင်လိုက်တော့

"ကိုကိုသွေး မသွားနဲ့လေ ရန်ပွဲထဲပါသွားမှာပေါ့"

"မသွားလို့ရမလားဟ ငါတို့ရပ်ကွက်ဖက်လာပြီး ငါတို့ရပ်ကွက်ထဲကလူကို အနိုင်ကျင့်နေတာလေ"

"အေးဟုတ်တယ် ရွှေပိုး နင်ကြောက်ရင် ဟိုဘက်လမ်းကပြန်လိုက်။ ပြန်နှင့်တော့သွား"

ကိုသွေးအပြောကို မိုးဦးကဝင်ရောက်ထောက်ခံကာ မိုးဦးနောက်က နွေဦးကလဲ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလေသည်။

"ငါကကြောက်လို့မဟုတ်ဘူး။ အဲ့တာ ကိုးတန်း D ခန်းက လူဆိုးသူရိန်တို့အဖွဲ့မလား။သူတို့နဲ့ ရန်ဖြစ်တာ ကျောင်းကပြန်သိရင် မိဘခေါ်ခံရလိမ့်မယ်နော်"

"ကျောင်းအပြင်မှာဖြစ်တာ ဘယ်မိဘမှ မခေါ်ရဘူး။ ဟာ...ဟာ ထိုးနေပြီ ဟေ့ကောင်တွေ ရပ်စမ်း။မင်းတို့အများနဲ့တစ်ယောက်အနိုင်မကျင့်နဲ့လေ"

ရွှေပိုးကိုလှည့်‌ေပြာနေစဉ်မှာပင် ဘေးအိမ်ကကောင်လေးကို ဟိုကောင်တွေက စတင်ထိုးကြိတ်နေကြပြီမို့ ကိုသွေးက စက်ဘီးကို ပစ်ချကာ ရန်ပွဲထဲပြေးဝင်လေတော့သည်။
ကိုသွေးပြေးဝင်သွားတာနှင့် မိုးဦးနှင့်နွေဦးကလဲ မဆိုင်းမတွပင် စက်ဘီးကိုအမြန်ဒေါက်ထောက်ကာ ရန်ပွဲထဲဝင်ပါရတော့သည်။

REPLY 1991Where stories live. Discover now