Chapter 49

2.2K 221 0
                                    

Unicode

သူ့ရဲ့ဝမ်းကွဲက ပြဿနာရှာနိုင်စွမ်းရှိလွန်းလှတယ်။ လော့ချယ်ကတော့ ခေါင်းကိုက်နေပြီ။သူက မျက်လွှာပင့်ပြီး လော့ကျစ်ယွီကို စိုက်ကြည့်ကာ သတိပေးလိုက်တယ်။"ဒရာမာမခင်းဘဲ ကစားရုံကစားနော်"

လော့ကျစ်ယွီက အပြစ်ကင်းစင်တဲ့ မျက်နှာပေးလေး လုပ်လိုက်ပြီး "ဘာဒရာမာလဲ?"

ရှောင်ကျူးက လော့ချယ်နဲ့ လော့ကျစ်ယွီကြားက ထိပ်တိုက်တွေ့ဆုံမှုကို မသိဘူး။

သူမက စိတ်အားထက်သန်စွာနဲ့ ပြောလာတယ်။"လာ၊ Dou Dizhu ကစားရအောင်"

ကုမျန်နဲ့ လော့ချယ်အတူတူထိုင်လို့ရအောင် လော့ကျစ်ယွီက ရှောင်ကျူးဘေးမှာ ၀င်ထိုင်လိုက်တယ်။

လော့ချယ်က သူ့နဖူးကိုကိုင်လိုက်ပြီး သူ့ရဲ့ အေးစက်စက်မျက်နှာပေါ်  ကူကယ်ရာမဲ့နေတဲ့ အထိအတွေ့တစ်ချက်ထွက်ပေါ်လာကာ "ညီမလီလီ ဒေါသထွက်သွားမှာကို မကြောက်ဘူးလား?"

လော့ကျစ်ယွီမှာ ရှစ်နှစ်ကြာတွဲလာခဲ့တဲ့ ထန်ရှောင်းလီဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ်။ သူမက မော်ဒယ်အေးဂျင့်အဖြစ် အလုပ်,လုပ်ပြီး ချောမောလှပကာ အရည်အချင်းရှိတဲ့သူတစ်ယောက် ဖြစ်တယ်။သူတို့နှစ်ယောက်က လက်ထပ်ဖို့ဆွေးနွေးကြတဲ့အဆင့်ထိ ရောက်နေကြပြီ။အလုပ်တွေရှုပ်နေတာကြောင့် အတူတူရှိရတဲ့အချိန် နည်းပါးပြီး လအနည်းငယ်ကြာမှ တစ်ကြိမ်သာ တွေ့ဆုံကြရတယ်လေ။

မင်္ဂလာဆောင်မယ့်ရက်ကို လာမယ့်နှစ် မေလမှာ ပြုလုပ်ဖို့ စီစဉ်ထားကြပြီးသားပင်။

လော့ချယ် ထန်ရှောင်းလီအ‌ကြောင်းကို ပြောလာတော့ လော့ကျစ်ယွီက ချောင်းဆိုးလိုက်ပြီး "ရှောင်ကျူးနဲ့ ဘာလို့ ထိုင်လို့မရမှာလဲ၊ ဘာမှမဖြစ်ဘူး လီလီနားလည်မှာပါ" သူ ထန်‌ရှောင်းလီကို မတွေ့ရတာ နှစ်လလောက်ရှိပြီဖြစ်လို့ သက်ပြင်းချလိုက်မိတယ်။

သူက ဒီနှစ်လအတွင်း အလုပ်ရှုပ်နေခဲ့ပြီး သူမက သူ့ထက်တောင် အလုပ်များသေးတယ်။သူတို့နှစ်ယောက်က ဗီဒီယိုကောလ်မပြောနဲ့ ၊ တစ်ယောက်နဲ့တစ်ယောက် ဖုန်းခေါ်တာ ဒါမှမဟုတ် မက်ဆေ့ချ်ပို့တာတောင်ရှားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now