လွန်ခဲ့တဲ့ ၄ ရက်ကတည်းက ဒီအပိုင်းကိုတင်နေတာ အပိုင်း ၅ ထိတောင်တင်ကြည့်ပေမဲ့ ကိုယ့်ဆီ wattpad က error တက်နေခဲ့တာပါ ဖတ်လိုက်ရတဲ့လူတော့ရှိတယ်ထင်ပါတယ်
စာလုံးရေ ၅၀၀၀ ကျော်သွားလို့ အပိုင်းခွဲလိုက်ရပါတယ် 🥹
၅ ပိုင်းလို့ပဲ ရည်ရွယ်ထားပေမယ့် ၇ ပိုင်းဖြစ်တော့မယ်ထင်ပါတယ်
အချိန်တွေအများကြီးပေးပြီး လက်နာထားတာမို့ အလိုက်သိပေး 🥺🫵🏻
Girls
နောက်လာသည့်အပတ်သည် မယုံနိုင်လောက်အောင် အလုပ်ရှုပ်သည်။ follower 4000 ကျော်သာရှိသော Instagram က အခုတော့ ၈ သောင်းကျော်နေပြီဖြစ်သည်။ Oh Sehun ၏ သီချင်း YouTube နှင့် billboard တွင် #1 ချိတ်နေသည့် တောက်လျှောက်တွင်ပဲ ဂျုံအင်း fast fashion brand များအတွက် model လုပ်နေရာမှ အလယ်အလတ် luxury ကျသော brand များနှင့် စာချုပ်ချုပ်နေပြီဖြစ်သည်။
လာမည့် Spring Summer collection အတွက်လုပ်သည့် Paris Fashion Week အတွက်လည်း high end luxury brand ၄ ခုက ဂျုံအင်းကို back to back booking တင်ထားကြောင်း ဒီမနက်ကသိရသည်။
"Jongin..."
Model များ portfolio update ဓာတ်ပုံရိုက်သည့်နေ့မို့ makeup ပြင်ပြီး ကိုယ့်အလှည့်ထိုင်စောင့်နေတုန်း manager က နောက်တစ်ခါထပ်ပြုံးစိစိဝင်လာခဲ့သည်ကြောင့် ဂျုံအင်းရယ်ကာ ဘာလဲဟု ခေါင်းဆတ်ပြလိုက်သည်။
"အကုန်လုံးက မင်းရဲ့ဆံပင်ကိုအရှည်အတိုင်းထားစေချင်တယ်တဲ့"
Manager က ဆံပင်အကြောင်းကို သတင်းကောင်းလိုပြောတော့ ဂျုံအင်းကို MV ထဲက image အတိုင်းအနီးစပ်ဆုံးလိုချင်လို့လားဟုတွေးမိသည်။
"ဒီမှာလက်မှတ်ထိုးဖို့ စာချုပ်တွေ... ကမ်းလှမ်းတာ ၁၂ ခုလောက်ရှိတယ် Rate အများဆုံးပေးတဲ့ brand တွေပဲလက်ခံပေးထားတာ"
Gucci
Celine
Acne Studios
Diorဂျုံအင်း စာချုပ်လေးခု၏ brand နာမည်များကိုကြည့်ရင်း Dior တွင်ရပ်သွားသည်။
'ကိုယ်တို့ထပ်တွေ့မှာပါ'
ဂျုံအင်း runway လျှောက်သည့်အချိန် ambassador အဖြစ်ရော A list celebrity အဖြစ်ရော first row မှာထိုင်ကြည့်နေမည့် သူ့ကိုမြင်ယောင်ကြည့်မိသည်။