Part 5

465 59 7
                                    

ဂျောင်ကုတယောက် အခန်းထဲတွင် ကုမ္ဗဏီမှအလုပ်များလုပ်နေတုန်း အိမ်ဖော်တယောက်မှ တံခါးလာခေါက်လေသည် ...

"ပြော"

"အကိုလေး ... ဂျင်တယောက် အခန်းထဲကကြိ မထွက်လို့ပါ"

"သူထွက်တာမထွက်တာ ငါနဲ့ဘာဆိုင်လို့လဲ"

"မ...မဟုတ်ပါဘူး ... ဂျင်က ခါတိုင်းဆို ထွက်မလာနိုင်သေးဘူးဆိုတောင် အသံအရင်ပြုပြီး ထူးနေကြ ခုကြ ဘာဆိုဘာသံမှ မကြားရလို့ တခုခုများဖြစ်နေမလားလို့ပါ တံခါးကလဲ အထဲက လော့ချထားလို့ အကိုလေး"

ဒီကောင်လေးဘာဖြစ်လို့ပါလိမ့် ... နေ့လည်ကကြောင့်များ ဖျားများဖျားနေတာလား ... သူဖျားဖျားမဖျားဖျား ငါနဲ့ဘာဆိုင်လဲ ထားလိုက် ...

"အေး ... ခုတော့ မင်းသွားလို့ရပြီ ... ငါ့ဘာငါ အလုပ်အားမှ ဆင်းခဲ့လိုက်မယ်"

"ဟုတ်ကဲ့ပါအကိုလေး"

အိမ်ဖော်လေးထွက်သွားတာနဲ့ သူ့စိတ်တေ လွန်ဆွဲနေလေသည် ... ခုပဲသွားကြည့်ရမလား ခနနေမှအလုပ်ပြီးမှပဲ သွားကြည့်ရမလားနဲ့ ... တခုခုအသက်အန္တရာယ်ကြုံခါနီးဆို ငါလိုလူမျိုးနဲ့ သေကုန်တော့မှာပဲ ... တချက်တော့ ကြည့်လိုက်ပါဦးမယ် ... စိတ်ပူလို့တော့မဟုတ်ဘူး တခုခုဖြစ်ရင် အမှုပက်မှာဆိုးလို့ ...

ဂျင်အခန်းရှေ့ရောက်တာနဲ့ တံခါးကိုကြမ်းကြမ်းလေးဆက်တိုက် ခေါက်လိုက်ပြီး သိပ်မကြာခင်မှာပဲ တံခါးပွင့်လာပြီး ... တံခါးတောင်အဆုံးထိမပွင့်သေး တံခါးဖွင့်နေတဲ့ပုံရိပ်လေးမှာ လဲကျသွားသောကြောင့် သူအမြန်ပင် ထိန်းလိုက်ရသေးဘူး ...

"ဟာ ... ကိုယ်တေပူကြပ်နေတာပဲ ..."

ထို့နောက် ကိုယ်လုံးသေးသေးလေးကို ပွေ့ချီလိုက်ကာ အပေါ်ထပ်အခန်းထဲသို့ခေါ်သွားလိုက်တော့သည် ... ဂျင်ရဲ့အခန်းကလေပူစက်ရော ဘာညာမရှိတာကြောင့် အေးစိမ့်စိမ့်နှင့် ပိုဆိုးသွားမည်ဆိုးသောကြောင့် ...

"မိသားစုဆရာဝန်ကို အမြန်ခေါ်ပေးပါ"

ဂျင်အခန်းဆီလာတုန်းက နောက်ကနေ စပ်စုခြင်စိတ်ဖြင့်ကပ်ပါလာကြသော အိမ်ဖော်များကို သူအော်ပြောလိုက်လေသည် ...

- REVENGE -Where stories live. Discover now