Part 9

613 40 6
                                    

ဒီနေ့ ... အကိုနဲ့သူ ပထမဆုံးအကြိမ် အပြင်မှာ Dateလုပ်ကြမှာမို့ ... သူတအားစိတ်လှုပ်ရှားနေသည်ပင် ... အကိုနဲ့ပထမဆုံးအကြိမ် Dateဖြစ်သလို သူ့ရဲ့ ပထမဆုံးအကြိမ် အပြင်ထွက်လည်ရခြင်းပင် ... သူမေမေဆုံးကတည်းက အပြင်ကိုထွက်မလည်ခဲ့ရတာလေ ...

"ကလေး ... ပြီးပြီလား"

သူ့အတွေးနဲ့တင် ပျော်နေတုန်း ... အကို့အသံကြားလိုက်ရတာကြောင့် ...

"ဟုတ် ... ပြီးပြီ အကို"

ပြီးပြီဆိုကာ ထွက်လာပါသော ကလေးပေါက်မှာ ... သူဝယ်ပေးထားသော အကျီအဝါနုလေးနှင့် တည့်ပွဂျင်းအပြာနုလေးကိုတွဲဝတ်ထားလေသည် ... နဂိုကတည်းက ဖြူတဲ့အသားရေက ယခုလို အရောင်အနုများနှင့်ဆိုတော့ ပို၍ဖွေးသွားသယောင် ... ဆံပင်လေးကလဲ မညှပ်ပဲ အရှည်ကိုမှ ခေါက်ဆွဲခြောက်ကေလေးဖြစ်နေတာကြောင့် ... ချစ်စရာလေးဖြစ်နေကာ အိတ်ကပ်ထဲတင်ပဲ ထည့်သိမ်းချင်စရာ ...

"အကို ... အကိုရေ"

"ဟမ် ... ကိုယ့်ကလေးလေးပြော"

"မတ်တပ်ကြီး အိပ်ပျော်သွားတာလား ကျနော်ခေါ်တာလဲကြားဘူး"

"ဟောဒီ့က ... ဂျင်လေးရဲ့ အလှမှာ နှစ်မြောသွားလို့လေ"

မှေးစေ့လေးကို ကိုင်ကာ ... အပေါ်အောက်စိုက်ကြည့်ပြီးပြောလိုက်တော့ ချက်ချင်း မျက်နှာကြီးရဲလာပါသော ကလေးပေါက် ...

"ဟာ ... အကိုကတော့ ... ဘာတေပြောမှန်းလဲမသိဘူး"

"ဟောဗျာ ... အမှန်တိုင်းပြောတာလေ"

"သွားမသိဘူး ... နောက်ကျနေလိမ့်မယ် ... သွားပါမယ်ဆို"

ရှက်ပြီး နှုတ်ခမ်းကြီးပါဆူကာဖြင့် ကျနော့်ကို အမိအရ တချက်လက်မောင်းကိုရိုက်ပြီးတာနဲ့ အမြန်အရှေ့ကို လုံးတုံးလုံးတုံးနှင့်ပြေးထွက်သွားလေသည် ...

"အဟား ... ဒီကလေးလေးကတော့ ... အူယားလွန်းလို့ ဘလိုလုပ်ရပါ့"

အတွေးများနှင့်ပြုံးရင်း အမြန်ရှေ့ကကလေးနောက်သွားလိုက်တော့သည် ... ရှေ့ရောက်တော့ ဂျင်မှာ တအိမ်လုံးကို အဝေးကြီးခရီးသွားတော့မှာလို လိုက်နှုတ်ဆက်နေလေသည် ... အိမ်ကလူတေကလဲ ... ဂရုစိုက်နော် ကောင်းကောင်းပျော်ခဲ့နော်နဲ့ ဂျင်လေးကိုကြည့်ပြီး ပြုံးပျော်ရွှင်စွာဖြင့် မှာကြားနေလေသည် ... အဲ့လိုအချစ်ခံလေးပါဆ်ု ...

You've reached the end of published parts.

⏰ Last updated: Jan 17 ⏰

Add this story to your Library to get notified about new parts!

- REVENGE -Where stories live. Discover now