တရားခံရှာခြင်းအလုပ်က ဂျင်ကိုယ်တိုင်က ပြောပြလိုက်တာကြောင့် ထင်ထားတာထက် စောကာမြန်မြန်ရှာတွေ့ပြီးတော့ ဖမ်းမိသွားလေသည် ... ဖမ်းမိတဲ့အချိန် ဂျင်၏အဖေမှာ ဆေးများစွဲကာ ဆေးလွန်နေပြီဖြစ်တာကြောင့် ရူးကြောင်ကြောင် ဖြစ်နေလေသည် ... တခုခုကိုခြောက်ခြားနေပြီး ဘာမှမရှိပဲလဲ အော်ဟစ်ကာ ကြောက်ရွံ့လေသည် ... အွန်း ... လူတွေပြောနေတဲ့ ဝဠ်လည်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည် ...
ထို့နောက် တရားစွဲစရာရှိတာစွဲ လုပ်စရာရှိတာလုပ်ပြီးတော့မှ သူလဲ သက်ပြင်းချနိုင်တော့သည် ... ဂျင်ကတော့ ဘလောက်ဖြူစင်လဲဆို သူ့ကို ဒီလောက်နှိပ်စက်ခဲ့တဲ့ အဖေကိုတောင်မှ ဘာပဲဖြစ်ဖြစ် သူ့ရဲ့တဦးတည်းသော မိသားစုမလို့ဆိုပြီး တခါတလေ ဝမ်းနည်းနေတတ်သေးသည် ... ဒါမဲ့ ချစ်ခြင်းထက် နာကျင်မှု Traumaတေကပိုများနေတာကြောင့်အဖေဖြစ်သူကို ရှေ့တွင် တကယ်တွေ့လိုက်ရတဲ့အချိန်တုန်းကဆို ကျနော့နောက်ကို ဝင်ကာပုန်းလေသည် ...
အဲ့တုန်းက အဖေဖြစ်သူကလဲ ဂျင့်ကိုတွေ့တာနဲ့ အနားကိုပြေးလာကာ ...
"အဲ့တာမင်းကြောင့်"
"မင်းမွေးလာခဲ့လို့ ဖြစိရတာ"
"ဒါတေအကုန်မင်းကြောင့် မငိးကိုသတ်မယ်"
"မင်းကိုသတ်မယ်"
*ခွပ်**ခွပ်*
"ခင်ဗျား$ပါးစပ်ကိုပိတ်ထား "
ဂျောင်ကုမှ ဖမ်းခံရတာတောင် ဂျင့်ကု်အပစ်တေတင်ပြီး သတ်မယ်တကဲကဲလုပ်နေသေးတာကြောင့် ၂ချက်၃ချက် ပိတ်ထိုးလိုက်လေသည် ... သူအားပြင်းပြင်းနဲ့ထိုးလိုက်တာကြောင့်ရော တဖက်က ဆေးများကြောင်နေသောကြောင့်ရော နှုတ်ခမ်းနှငိ့နှာခေါင်းမှ သွေးများထွက်ကာဖြင့် လဲသွားတာ ပြန်တောင် ထမလာနိုင်တော့ပေ ..."အမြန်ခေါ်သွားတော့ ... ကြာကြာမြင်နေရရင် ဘာထပ်လုပ်မိမယ်မသိဘူး"
"ဟုတ် ... ဟုတ်ကဲ့ပါ"
ရဲတေလဲ ရုတ်တရက်ဆန်တဲ့အပြုအမှုတေကြောင့် ကြောင်နေရာမှ ဂျောင်ကု၍အော်သံကြားမှ အမြန်လဲနေသော ဂျင့်အဖေ့ကိုထူကာ ခေါ်သွားလေသည် ...
YOU ARE READING
- REVENGE -
Romansa( Uni + Zaw ) JJK - ငါ့ရဲ့ချစ်ရသူအတွက်နဲ့ မင်းကိုအလွှတ်မပေးဘူး မင်းလဲ ငါ့ချစ်ရသူခံစားရသလိုတထပ်တညိး ခံစားရအောင်လုပ်မယ် KSJ - ကျနော့အဖေအပစ်တွေအတွက် ဆပ်ဖို့လာခဲ့တာပဲ အကိုကြိုက်သလိုလုပ်လိုက်ပါ ... ထိုးချင်သလောက်ထိုး ... သတိရင်လဲ ခံလိုက်ရုံပါ