231126

73 5 0
                                    

ပြီးခဲ့တဲ့ 26ရက်နေ့တုန်းက The Unity Concert နောက်ဆုံးနေ့မှာ ဒိုယောင်းပြောပြသွားတဲ့ T.M.Iလေးပေါ့

Day-4 [ 231124 ]တုန်းက Favourite Orchestra Verရဲ့Introစတဲ့အချိန် ဒိုယောင်းနဲ့ထယ်ယုံးကကျောချင်းကပ်နေရတဲ့အချိန်မှာ ထယ်ယုံးကဒိုယောင်းလက်လေးကိုလာကိုင်ခဲ့ပါတယ်တဲ့။
အဲ့နေ့က ထယ်ယုံးကနေသိပ်မကောင်းတော့ ဒိုယောင်းဆီကအားအင်တွေလိုချင်နေသလို‌ခံစားရတာမို့လို့
ထယ်ယုံးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ပြန်ဆုပ်ကိုင်ပေးထားခဲ့ပါတယ်တဲ့

စိတ်ချင်းနီးသွားရင် စကားလုံးတွေအများကြီးမလိုအပ်ဘူးဆိုတာအမှန်ပဲထင်ပါရဲ့နော် အပြုအမူသေးသေး‌သေးလေးကိုကြည့်ရုံနဲ့ တစ်ဖက်လူဘာလိုအပ်လဲဆိုတာချက်ချင်းသိနေတာက စိတ်ချင်းဆက်နွယ်နေလို့လား နှလုံးသားချင်းဆက်နွယ်နေလို့များလား

အံ့ဩစရာကောင်းတာတစ်ခုက အဲ့နေ့ကဒိုယောင်းကပြန်ပြောပြနေတုန်း အီထယ်ယုံးကြီးရှက်နေတာပါပဲ ><

My OTP My TRUST Where stories live. Discover now