Z"ဟာရူထို ဟာရူထို ဟာရူထို "
အားကစားခန်းမထဲတွင် အားပေးသံများ ဆူညံစွာ ထွက်ပေါ်နေပါသည်။
ဟာရူထိုဆိုသူသည် ကျောင်းဘက်စ်ကတ်ဘော အသင်းခေါင်းဆောင်ဖြစ်ပြီး ရှုံးပွဲတပွဲမှမရှိဖူးပေ။
ယနေ့လည်း ဟာရူထိုတို့ကျောင်းနှင့် အခြားကျောင်းက ဘက်စ်ကတ်ဘော ပြိုင်ကစားရမည်ဆိုသောကြောင့် အားကစားကွင်းထဲသို့ ကြိုရောက်နှင့်နေကြသော ကျောင်းသား/ သူ တွေရဲ့ အားပေးသံများ ဆူညံနေခြင်းဖြစ်သည်။
ခနအကြာတွင် ဟာရူထိုတို့အသင်းရော အခြားကျောင်းမှအသင်းရော ၂သင်းလုံး ကွင်းထဲတွင်နေရာ ကိုယ်စီယူလိုက်ကြသည်။
" ရွှီ "
ဒိုင်လူကြီးရဲ့ခရာသံအဆုံး ရှည်လျားတဲ့ခြေတံတွေနဲ့ လျင်မြန်ပေါ့ပါးစွား ဟာရူထို တယောက် စတင် လှုပ်ရှားလိုက်သည်။
တဖက်အသင်းက ဘာမှလုပ်ဖို့ အချိန်တောင် အရသေးခင် ဘောလုံးကို ခြင်းထဲ ပစ်ထည့်လိုက်ပါသည်။
ခြင်းထဲသို့ တည့်တည့်ဝင်သွားဘောလုံးနှင့်အတူ ခရာသံထွက်လာခဲ့သည်။
" ရွှီ "
ခန်းမထဲရှိအားပေးသံများပိုဆူညံလာသည်။ စစချင်းမှာပဲ ဟာရူထိုတို့အသင်း တမှတ် ရလိုက်လေ ပြီ ။
ဟိုဘက်အသင်းက မကျေနပ်သောကြောင့် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေကြလေသည်။
ပြီးနောက်......
" ရွှီ "
ပွဲကနောက်တကြိမ် ပြန်စတင်လာသည်။
ဟာရူထို့ကို ဟိုဘက်မှ အသင်းသား အားလုံးက ဝိုင်းထားသည်။
ဟာရူထိုလည်း လက်ထဲမှဘောလုံးကို
သေချာအာရုံစိုက်ကစားပြီး...." ယိုရှီဟျောင်း "
လှမ်းခေါ်လိုက်တဲ့ အသံနှင့်အတူ ဘောလုံးကို ပစ်ပေးလိုက်တော့....
ယိုရှီလည်း ဘောလုံးကို အမိအရဖမ်းပြီး ခြင်းထဲသို့တည့်တည့် ပစ်ထည့်လိုက်ပါသည်။
" ရွှီ "
နောက် တစ်မှတ်....
ရူထိုတို့အသင်းကထပ်ရသွားပြန်ပြီ။
YOU ARE READING
တစ်ဦးတည်းသော ❤ ( you're my only one )
Fanfiction" မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " " မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " From. 23.12.2023 To..... ?