Z
" ဒီနေ့ ဟာရူထိုနဲ့ အသစ်လေးတစ်ယောက် ဘက်စ်ကတ်ဘောပြိုင်မလို့တဲ့ "
" ဟုတ်လား ဘယ်သူနဲ့လဲ "
" ဟို သူဌေးသားနဲ့အမြဲ ကပ်နေတဲ့ တယောက်လေ နမည်ကဘာလဲ.....မာရှီဟို ဆိုတဲ့ တယောက် "
" သူက အရင်ကျောင်းတည်းက ရှုံးပွဲမရှိဘူးတဲ့ အရမ်းတော်တယ်ပြောတာပဲ "
" ငါတို့ ဟာရူထိုက ပိုတော်တာပါ သူမနိုင်လောက်ပါဘူး "
" ငါသွားကြည့်မှာ မင်းတို့လိုက်ဦးမလား "
" လိုက်မှာပေါ့ သွားကြမယ် "
" လာ အာ့ဆို စောစောသွားမှ နေရာရမှာ "
" အေး အေး "
" ဒီနေ့ငါ ဘက်စ်ကတ်ဘောကစားပွဲသွားကြည့်မလို့ နင်ရောလိုက်မလား "
" လိုက်မှာပေါ့ ဒီလိုပွဲမျိုး လွတ်လို့ ဘယ်ဖြစ်မလဲ "
" ဟေ့ ပွဲစတော့မယ် မြန်မြန်သွားရအောင် လာကြ "
" လာပြီ လာပြီ "
" ငါ့ကိုလည်းစောင့်ကြဦး "
ကျောင်းရဲ့ ကော်ရက်တာမှာ ကျောင်းသားတွေ ပြေးလွှားနေပြီး စကားသံတွေလည်း ဆူညံနေကြသည်။
နေ့လည်ကျ ဟာရူထိုနဲ့ မာရှီဟိုက ဘက်စ်ကတ်ဘော ပြိုင်ကစားရမယ် ဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားပြီး အားကစားခန်းမထဲ အပြေးအလွှား နေရာယူနေကြခြင်း ဖြစ်သည်။
" မင်းရောဘယ်သူနိုင်မယ်ထင်လဲ ယိုရှီ "
အားကစားခန်းတွင် မတ်တပ်ရပ်နေသော ယိုရှီ့အနားလာပြီး ဂျီဟွန်းကမေးသည်။
" ငါက ဟာရူထို့ဘက်ကပဲ မင်းရော... "
" ဟီး ငါတော့ ဟိုကောင်လေးဘက်ကပဲ "
" ဘာလို့...သူဘယ်လောက်တော်တော် ဟာရူထို့ကို မနိုင်လောက်ဘူး "
" အဲ့တာမသိဘူး...ဒီအတိုင်း ချစ်ဖို့ကောင်းလို့ "
" ပြီးတော့ အရပ်က ရူထိုနဲ့ ယှဉ်ရင် တော်တော်ပုတယ် "
" ပုတာလေးကိုက အသည်းယားစရာလေး အဟိ "
" ဟဲ့ကောင် ဂျီဟွန်း ငါစကား အကောင်းပြောနေတာနော် "
YOU ARE READING
တစ်ဦးတည်းသော ❤ ( you're my only one )
Fanfiction" မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " " မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " From. 23.12.2023 To..... ?