Z
" ကယ်ပါဦး တစ်ယောက်ယောက် ကျွန်တော့်ကို ကူညီကြပါ "
junkyuတစ်ယောက် ကြောက်လန့်စွာ အားစိုက်ပြီး အသံကုန်အော်လိုက်တော့....
" အားမဖြုန်းချင်စမ်းပါနဲ့ junkyuရာ ဒီမှာ မင်းကို ကူညီမယ့်သူမရှိဘူး "
လူအုပ်ကြားထဲမှ သာယာသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာပြီး တခြားသူများကဲ့သို့ပင် တစ်ကိုယ်လုံးကို အနက်ရောင်ဖြင့် ဖုံးလွှမ်းထားကာ သူ့ရှေ့သို့ လျှောက်လာခဲ့သည်။
ခုနက သူ့နမည်ကိုခေါ်လိုက်တာဆိုတော့ ဒီအမျိုးသမီးက သူနဲ့သိတာလား။ သူ့မှာ ရန်သူဆိုလို့ မြူမှုန်လောက်တောင် မရှိသည်ကို ဒါမှမဟုတ် အာပါးရဲ့ စီးပွားပြိုင်ဘက် ၁ယောက်ယောက်များလား။ junkyu အတွေးများနေတုန်း ထိုအမျိုးသမီးက maskကို ဆွဲချွတ်ချလိုက်ပါသည်။
" Park Yuna ! "
" ဟုတ်တယ် မင်းက ငါ့နမည်မှတ်မိတာပဲ junkyu တော်သားပဲ "
Yunaက ပြောရင်း junkyuပါးကို တဖြတ်ဖြတ်နဲ့ ရိုက်နေလေသည်။ junkyuကလည်း ထိုလက်ကို ဆွဲဖမ်းလိုက်တော့...
" ဟေး သူ့ကို ချုပ်ထားကြစမ်း "
Yunaရဲ့ အမိန့်သံအဆုံး လူ၂ယောက်က ရှေ့ထွက်လာပြီး junkyuကို တစ်ယောက်တစ်ဖက် ဖမ်းချုပ်ထားလိုက်သည်။
" နင်ငါ့ကို ဘာလုပ်မလို့လဲ "
" အရမ်း မကြောက်ပါနဲ့ ငါက ညင်ညင်သာသာလေးပဲ နှိပ်စက်မှာပါ "
စကားပြောရင်းနှင့် yunaက သူ့လက်သည်းချွန်ချွန်တွေကို သုံးကာ junkyuပါးတစ်လျှောက် ပွတ်ဆွဲပြီးနောက် ခပ်နာနာဖိချလိုက်တာကြောင့် junkyuပါးထက်မှ သွေးများစီးကျလာခဲ့သည်။
" အား ! "
" ဟက် ဒီမျက်နှာနဲ့ harutoကို မြူဆွယ်ခဲ့တာ မဟုတ်လား အဲ့ဒီမျက်နှာ ပျက်စီးသွားရင် သူမင်းကို သဘောကျနေဦးမလား ကြည့်မယ်လေ "
ဖြန်း
အားနှင့်လွှဲရိုက်လိုက်သော ရိုက်ချက်ပြင်းပြင်းတစ်ခုက junkyuမျက်နှာထက် နေရာယူသွားခဲ့လေပြီ။ နုနုဖက်ဖက်ပါးလေးထက်ဝယ် သွေးစီးကြောင်းများနှင့်အတူ အနီရောင် လက်ဝါးရာ၁ခုက အထင်းသား။ ထို့နောက် yunaက junkyuဆံပင်ကို ဆွဲကာ ခေါင်းနောက်ပြန်လှန်ချလိုက်ပြီး...
YOU ARE READING
တစ်ဦးတည်းသော ❤ ( you're my only one )
Fanfiction" မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " " မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " From. 23.12.2023 To..... ?