🐨 3 🦋

55 12 0
                                    


Z

🐨 ဟဲလို အာပါး ... ဟုတ် ဟုတ်ကဲ့ သားတို့ခုချက်ချင်းလာခဲ့မယ်

ကျောင်းဆင်းခါနီး ဂျွန်ဂယူ့ဆီဝင်လာသော အဖေဆီမှ ဖုန်းကြောင့် junkyuတစ်ယောက် ပျာယာခတ်သွားလေသည်။

🐹 ဘာဖြစ်လို့လဲ

🐨 အိုမား အိုမားက....

အထစ်ထစ်အငေါ့ငေါ့ဖြင့် ဘာမှဆက်မပြောပဲ ရပ်နေသော ဂျွန်ဂယူကို မာရှီက...

🐹 စိတ်အေးအေးထားပါ ဂယူလေးရယ် ရှီဟိုလေးအနားမှာရှိတယ်နော် ဘာဖြစ်တာလဲ သေချာပြောပြ အသက်ကိုအရင်ဝအောင်ရှူလိုက်

ဂျွန်ဂယူ စိတ်ကိုလျော့ပြီး အသက်ကို အရင် ဝအောင်ရှူလိုက်သည်။ ပြီးမှ....

🐨 အိုမားကမူးလဲလို့ ခုဆေးရုံတင်ထားရတယ်တဲ့

🐹 ဟမ် ...
အာ့ဆိုမြန်မြန်သွားရအောင်လေ
အိုမားကိုစိတ်ပူလိုက်တာ

🐨 ဦးလေးကို ကားအဆင်သင့်ပြင်ဖို့ပြောထားလိုက်

🐹 အင်း

သူတို့နှစ်ယောက်လည်း စိတ်ပူပြီး မြန်မြန်လျှောက်လာကာ ကားပေါ်ကို တန်းတက်သွားလိုက်ကြသည်။

🐨 ဦးလေး .... ဆေးရုံကိုအမြန်မောင်းပေးပါ အိုမားကိုစိတ်ပူနေလို့ မြန်မြန်နော်

🐹 ဂယူလေး ခုနတစ်ယောက်က
ဂယူလေးကိုနှုတ်ဆက်တာထင်တယ် ခုလိုတန်းသွားတာကောင်းပါ့မလား

ရှီဟိုလေးပြောမှ ခုနသူအမြန်လျှောက်လာတုန်း ကောင်လေးတစ်ယောက် နှုတ်ဆက်တာကို သတိရသွားသည်။

🐨 အာ ဟုတ်သားပဲ ဒါပေမဲ့ ခုချိန်အိုမားကပိုအရေးကြီးတယ် သွားရအောင် နောက်နေ့တွေ့မှ သူ့ကိုအကျိုးအကြောင်းပြောပြပြီး တောင်းပန်လိုက်မယ်လေနော်

🐹 အင်း အင်း သွားရအောင်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ဆေးရုံတွင်...

🐨 အာပါး အိုမားရော အိုမားအဆင်ပြေလား ခုဘယ်လိုနေသေးလဲ သက်သာလား သတိရပြီလား

ဆေးရုံထဲသို့ဝင်ဝင်ချင်း အဖေကို ဂျွန်ဂယူ ဆက်တိုက်မေးနေသည်။

တစ်ဦးတည်းသော ❤ ( you're my only one )Where stories live. Discover now