Z
" ပြောကြစမ်း ဆရာ့ဆီကို ရောက်လာတယ်ဆိုတော့ ဘာကိစ္စရှိ "
ကျောင်းအုပ်ကြီး ရုံးခန်းတွင်ဖြစ်သည်။ ညနေကျောင်းဆင်းပြီးတော့ yoshiက jihoonကို ခေါ်သွားတာကြောင့် ပါသွားခြင်းဖြစ်ပြီး ဆရာကြီးက မေးလိုက်ခြင်းပင်။
" အာ ဟိုလေ ဆရာ "
Jihoonက အထစ်ထစ်နဲ့ စကားကို ဘယ်လိုဆက်ရမှန်းမသိ ရပ်နေတော့...
" တကယ်တော့ ကျွန်တော်တို့က ဆရာကြီးဆီကနေ ခွင့်ပြုချက်တောင်းချင်တာလေး ရှိလို့ပါ "
yoshiကပဲ လိုရင်းကို တန်းပြောလိုက်တော့သည်။
" အွန်း ပြောကြည့်လေ ဘာများလဲ "
" ဟို ကျွန်တော့်သူငယ်ချင်းက japanစာ အရမ်ညံ့ပြီး စာမလိုက်နိုင်ဖြစ်နေလို့ အဲ့တာ အတန်းပိုင်ဆရာ asahiနဲ့ အချိန်ပို ဂိုက်ခေါ်သင်ချင်လို့ပါ "
" အဲ့တာများ မင်းက japan လူမျိုးပဲဟာ မင်းသင်ပေးလိုက်ပေါ့ "
" မ...မ...မရဘူးလေ ဆရာကြီးရဲ့ ကျွန်တော့်သူငယ်ချင်းက အရမ်းတုံးတာမို့လို့ ကျွန်တော်ရှင်းပြတာလည်း သူကနားမလည်ဘူးဖြစ်နေတာ ပြီးတော့ ကျွန်တော်ကလည်း တခြားစာတွေကျက်ရတာရော လေ့ကျင့်ရေးဆင်းတာတွေရောနဲ့ သိပ်အချိန်မရဘူးလေ "
" အွန်းး ဟုတ်သားပဲ ဒါနဲ့ မင်းပြောတဲ့ သူငယ်ချင်းက ဘယ်သူလဲ yoshinori "
" သူလေ ဆရာကြီး park jihoon "
ဘေးက jihoonကို လက်ညှိုးထိုးလျှက် ပြောသည်။
" ဟေ! jihoonက!.... အမြဲတမ်း japan စာ အမှတ်အများကြီးနဲ့ အောင်တာမဟုတ်လား "
" ဟုတ်တယ် ဆရာကြီးရဲ့ ဒါပေမဲ့ ကျွန်တော်အခုနောက်ပိုင်း စာတွေ သိပ်နားမလည်တော့လို့ "
jihoonက မျက်နှာငယ်လေးဖြင့် ဝင်ပြောသည်။ ကျောင်းအုပ်ဆရာကြီးကတော့ လက်ညှိုး၂ချောင်းဖြင့် မေးစေ့ကိုထောက်ထားကာ မျက်မှောင်ကြုံလျှက် စဉ်းစားနေပါသည်။
" လုပ်ပါ ဆရာကြီးရယ် မဟုတ်ရင် ကျွန်တော် ဒီအခေါက်စာမေးပွဲမှာ japanစာ ရှုံးလိမ့်မယ် "
ပြောလည်းပြောငိုလည်း ငိုသော jihoon...
" ဟုတ်ပါတယ် ဆရာကြီးရယ် ကျေးဇူးပြုပြီး ကျွန်တော့်သူငယ်ချင်းကို ကူညီပါနော် "
YOU ARE READING
တစ်ဦးတည်းသော ❤ ( you're my only one )
Fanfiction" မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " " မင်းက ငါချစ်ရတဲ့ တဦးတည်းသောသူပါ ဂျွန်ဂယူ " From. 23.12.2023 To..... ?