"မော်ဒယ်ရဲ့ခါးကို ဖက်ထားပေးပါ အီဟီဆွန်းရှီ.."
ဓာတ်ပုံဆရာရဲ့စကားအတိုင်း ဟီဆွန်းလိုက်နာသည်။
အခု ဟီဆွန်းက သူ့ဒယ်ဒီကုမ္မဏီအတွက် ကြော်ငြာမှာ မော်ဒယ်အဖြစ် အငှားခံလိုက်ရတာ။ တောင်းဆိုခံရတာမဟုတ်ဘဲ အငှားခံလိုက်ရသည်ပဲပြောရမှာပေါ့။ မဟုတ်လျှင် ဘဏ်ကဒ်တွေအကုန်သိမ်းမယ်ဆိုသည့် စီအီးအိုသူ့ကျွေးဖခင်ကြီးကို မလွန်ဆန်ဝံ့။
သို့သော် အခုတော့ဖြင့် သူ အယောင်ယောင်အမှားမှားဖြစ်နေရသည်မှာ ဓာတ်ပုံဆရာက ပတ်ဆောင်းဟွန်းမလို့..။ စားမတတ် ဝါးမတတ်အကြည့်တွေနှင့် စူးစူးရဲရဲကြည့်နေသည့်အလျောက် အတိမ်းအစောင်းလည်းမခံ။
ဒယ်ဒီက သိလျက်သားနှင့် တမင်ဇာတ်လမ်းဆင်ပေးလိုက်သလားလည်း မသိတော့။ တစ်မြို့လုံးက စတူဒီယိုများစွာထဲကနေ ဆောင်းဟွန်းဆီကို ရွေးချယ်ထားကာ သူ့ကို မော်ဒယ်ကောင်မလေးနှင့် တွဲရိုက်ခိုင်းတော့ ကျားခံတွင်းထဲက အစာကို လှမ်းယူနေရသလိုပင်။
တင်းမာနေသည့် ဆောင်းဟွန်းမျက်နှာကို မြင်လိုက်ရပြီး စချင်တာမို့
မော်ဒယ်ကောင်မလေးလက်က ဟီဆွန်းပခုံးပေါ်ရောက်လာလျှင် သူကလည်း ကောင်မလေးခါးကို သေချာပြန်ဖက်ပြီး သေချာလေးစိုက်ကြည့်ပေးကာ ပြုံးပြလိုက်သည်။
"ရပါပြီ.. အရမ်းပီပြင်လွန်းတော့ နှစ်ခါတောင် ရိုက်စရာမလိုဘူး"
ဆောင်းဟွန်း ခပ်ဆတ်ဆတ်ပြောလိုက်သည်မှာ ချီးကျူးတာတော့ မဖြစ်နိုင်။
"မင်းလက်တွေလည်း အီဟီဆွန်း ပခုံးပေါ်က ဖြုတ်ပေးပါဦး"
အခုထပ်ထိ ပူးကပ်နေကြသေးသည့်နှစ်ယောက်ကို ဘယ်လိုမှ ကြည့်လို့မရတော့တာမို့ ပေါ်တင်ပဲပြောချလိုက်သည့်အခါ
"ဈာန်ဝင်သွားတာရယ် မီက.." လို့ မော်ဒယ်က ပြုံးတုံ့တုံ့ ဟီဆွန်းကို ကြည့်ရင်း ပြောလာပြန်သည်။
အီဟီဆွန်း ကောင်မလေးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သေးတာ။ အီဟီဆွန်းကို မျက်တောင်မခတ် အကဲခတ်နေသည့် ဆောင်းဟွန်း မြင်လိုက်ရသည်။
YOU ARE READING
Sorry
FanfictionHeeHoon// Is it too late now to say sorry? Song - Sorry @-a-present.