"ဟန်နီ ဟန်နီ.."
မူးရူးသောက်စားလာပြန်ပြီလား။ တစ်နေကုန် အလုပ်နှင့် ပင်ပန်းတာရော.. သူ့ကြောင့်စိတ်ပင်ပန်းတာရော အိပ်တော့မလို့ကို ရောက်လာပြန်တာ။ လူက ညအိပ်ဝတ်စုံတောင် လဲပြီးနေပြီ။
အပြင်ကနေ တံခါး တဒုန်းဒုန်းထုပြီး ဟန်နီအော်နေတာ သူငယ်ချင်းလေးဟီဆွန်းအပြင် ဘယ်သူရှိဦးမှာလဲ။ ပြောချင်သလိုပြောပြီး ပစ်ထားခဲ့တုန်းက သူမဟုတ်တဲ့အတိုင်း။ ပြီးရင် ဇယားရှုပ်ဦးမယ်။
"တံခါးပြတ်အောင်လုပ်မနေနဲ့ မင်းလို သူဌေးမဟုတ်ဘူး"
"အား.. ဟန်နီရာ.. ငါက သူဌေးမဟုတ်ပါဘူး သူဌေးသားပါ"
မူးနေတဲ့ပုံစံကို သဘောကျတာမို့ ရယ်သာ ရယ်မိတော့တယ်။ ထွေရာလေးပါးလျှောက်ပြောတော့မယ့် ဟီဆွန်းအကြောင်းကို သိနေပြီ။
လည်ပင်းကို လာသိုင်းဖက်သည့်လက်တွေကို ဖယ်ချလိုက်တော့..
"ဘာတုန်း.. ဟန်နီက ငြိုငြင်တာလား"
"အေး"
"ဟာကွာ.. မဟုတ်သေးပါဘူး၊ မင်း ဘယ်ကောင့်ကားနဲ့ ပြန်လိုက်လာလဲ ငါ သိတယ်နော်"
ရစ် ရာက ရမ်းတော့မယ့် အနေအထားကို ရောက်လာပြီ ဒါက။ ဖိနပ်တောင် သေချာမချွတ်နိုင်တော့သူကို နည်းနည်းမှ ကူမပေးဘဲ ရပ်သာကြည့်နေလိုက်မိတယ်။
ယိုင်တိုင်တိုင်နဲ့ လျှောက်လာပြီး မျက်နှာကိုလာကိုင်နေပြန်တော့ ရင်ဘတ်ကနေ ဆောင့်တွန်းပစ်လိုက်သည့်အခါ ခန္ဓာကိုယ်က ဆိုဖာဆီ တန်းတန်းမတ်မတ် ပြုတ်ကျသွားတော့သည်။
"အား.. ဟန်နီ ငါ့ကို အနိုင်ကျင့်နေတာလား"
"ထနိုင်ရင် ထလေ? မထနိုင်လည်း နေခဲ့ ကောင်မလေးနဲ့ဖုန်းပြောလိုက်ဦးမယ် အာရုံလာနောက်မနေနဲ့"
"ဟမ် ? ဘယ်သူ?"
ခပ်လျှောလျှောမှီထိုင်နေရာကနေ ထဖို့ပြင်နေသည့် ဟီဆွန်း..
"ငါ ရည်းစား ရသွားပြီ" လို့ ဆောင်းဟွန်း ခပ်ထေ့ထေ့ပြောလာတော့ ဟီဆွန်း မျက်လုံးတွေကို အသည်းအသန်ဖွင့်သည်။
"ဟန်နီ .. ငါ မင်းကို တောင်းပန်မလို့လေ"
မူးနေလို့လား မသိ၊ ခါတိုင်းလို ပေါက်ကွဲမလာဘဲ လေသံပျော့သွားတဲ့ဟီဆွန်းကြောင့် ဆောင်းဟွန်းရင်ဘတ်ထဲ တင်းကျပ်သွားရသည်။
YOU ARE READING
Sorry
FanfictionHeeHoon// Is it too late now to say sorry? Song - Sorry @-a-present.