အိစက်သည့် ခေါင်းအုံးထက် အိမ်မက်ကလည်း လှနေသည်။
မျက်နှာကို ခေါင်းအုံးနွေးနွေးကြားထဲ တိုးဝှေ့လိုက်မိတယ်။
"အင်း.."
မွှေးနေသည့် ခေါင်းအုံး..
အနည်းငယ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။"ဟင်.."
ခေါင်းအုံးမဟုတ်ဘဲ လူ ကြီး?
အသားရောင်လက်မောင်းကြားထဲကို သူမျက်နှာအပ်ထားတာ..
မိန်းကလေးလည်း မဟုတ်ဘူး
ညက သောက်စားပြီး ဘာဖြစ်ခဲ့တာလဲ။ဆောင်းဟွန်းလန့်သွားကာ တစ်ဖက်လူမျက်နှာကို မော့မကြည့်ရဲ။
ပြန်ပြီး ငြိမ်နေရမလား..
"ဘယ်ကောင်ထင်လို့ အတင်း တိုးကပ်အိပ်နေတာလဲ.. ထတော့"
ဒါက ဒီအသံ.. ဟီဆွန်း?
"အသံတောင် မသိတော့တာပဲ.. အကုန်မေ့ပစ်လိုက်ပုံရတယ်နော်"
ရွဲ့တဲ့တဲ့စကားသံက ဟီဆွန်းဆိုတာကို ထင်ရှားစေသည်။ မျက်နှာကို မော့ကြည့်လိုက်တော့ လက်မောင်းတစ်ဖက်ကို ခေါင်းခုအုံးထားကာ သူ့ကို ကြည့်နေတယ်..
"ဘာလဲ ထင်ထားတဲ့လူမဟုတ်လို့လား"
"အီဟီဆွန်း!!"
စိတ်တိုလွန်းလို့ အော်မိတယ်။ ဒါက သက်သက် စော်ကားနေတာ ခနဲ့နေတာ သူ့ကို ငြင်းလိုက်တယ်ဆိုပြီး လူတကာနဲ့ စွပ်စွဲချင်နေတာ။
"စောစောစီးစီး မျက်နှာမြင်လိုက်ရတော့ ပေါက်ကွဲပြီပေါ့?"
"ကျစ် အဲ့အချိုးတွေ မပြင်သမျှ ငါ ခင်ဗျားနဲ့ မတွဲဘူး"
ခပ့်ထေ့ထေ့ရယ်သည်။
"တွဲချင်နေတယ်ပေါ့"
ပြောရင်း ဖုန်းကို ဖွင့်ပြလာသည်။
'အီဟီဆွန်းကို ခံစားချက်ရှိနေတာလား'
စကားအပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တဲ့ ဗီဒီယိုထဲက သူ..
"ဒါ .. ဒါက! ဘာလဲ!"
"ဒီလောက်ပဲ လုပ်ခံလိုက်ရတာ တော်သေးတယ် ဒီကောင်တွေကို ဘာလို့ သွားယုံလဲ"
ပြောနေတဲ့ လေသံက ဒီထက့်ပိုတာတစ်ခုခုလုပ်လိုက်စေချင်သေးတာလား။
YOU ARE READING
Sorry
FanfictionHeeHoon// Is it too late now to say sorry? Song - Sorry @-a-present.