503 37 0
                                    

"ပြန်ရအောင် မြန်မြန်လုပ်"

"ဟာ.. အီသန်ရယ် ခဏစောင့်ပါဦး မမတို့ တစ်ခုခု ဝင်စားကြဦးမယ်လေ"

"ဘာ!"

မျက်တောင် တဖျက်ဖျက်ခတ်လို့ လန့်သွားသည့် တစ်ဖက်က လေဒီ။

စိတ်မရှည်တော့ဘူး။ ခဏပဲဆိုလို့ ဒယ်ဒီထည့်ပေးလိုက်တာကြောင့် အင်တင်တင် လိုက်လာခဲ့တာ။ အခုက ဝယ်ခြမ်းနေတာဖြင့် တစ်နာရီနီးပါးရှိတော့မယ်ကို တစ်ခုခု ဝင်စားဦးမယ် လာပြောနေသေးသည်။

မှန်တွေ ကာရံထားသည့် ဆိုင်အပြင်ဘက်ကို ကြည့်လိုက်လျှင်

"ဆောင်းဟွန်း .."

တွေ့လိုက်ရသည်မို့ နှုတ်ဖျားမှ နာမည်ထွက်မိသွားသည့်အလျောက် ဟီဆွန်း သေချာ လိုက်ကြည့်နေမိတယ်။ ဘေးက ဘယ်က ကောင်?

"တောက်"

ဝန်ထမ်းတွေနှင့် ဈေးဝယ်မပြီးသေးသည့် တစ်ယောက်ပါ သူ့ကို လှည့်ကြည့်လာတာမို့ မေးငေါ့ပြလိုက်တော့ ကိုယ့်အလုပ်ကို ပြန်အာရုံရောက်သွားကြသည်။

"ခင်ဗျား မပြီးနိုင်သေးဘူးဆိုလည်း ညထိ နေခဲ့လိုက်တော့"

ပြတ်ပြတ်သားသား တစ်ခွန်းတည်းသာ ထပ်မစောင့်နိုင်တော့ကြောင်း အသိပေးတော့

"ဟုတ်ပြီ.. ဟုတ်ပြီ.. သွားကြစို့"

ပျာယာခတ်စွာ ကပ်ပါ လာပြန်သည့် လေဒီ။ ခဏတော့ အသုံးချလိုက်ဦးမှ..။

ဆောင်းဟွန်း ဝင်သွားသည့် ဆိုင်ထဲကိုပဲ ဝင်ခဲ့ကာ ပတ်ရှာကြည့်တော့ အစတည်းက မြင်နေပုံရသည့်သူက သူတို့ဘက်ကို လှမ်းကြည့်နေတာမို့ လေဒီ ထိုင်ဖို့ ခုံကို ဟီဆွန်း ကိုယ်တိုင်ပဲထုတ်ပေးလိုက်သည်။

လုံးဝမကြာပါ။ ချက်ချင်းဆိုသလိုပဲ အနားရောက်ချလာသည့် ဆောင်းဟွန်းက ဟီဆွန်းတို့ ဝိုင်းက ခုံတစ်ခုကို အသံမြည်အောင် ဆွဲထုတ်လို့ တည်တည်တင်းတင်း ဝင်ထိုင်တော့သည်။

ဟီဆွန်း စိတ်ထဲကြိတ်ပြုံးလိုက်မိပေမယ့် အပြင်မှာတော့ ဆောင်းဟွန်းနည်းတူ မျက်နှာကြောကို တင်းထားပစ်သည်။

"ဘာမှာမလဲ မမ"

ဆောင်းဟွန်းရော မမဆိုသူပါ ဟီဆွန်းကို လှည့်ကြည်တယ်။ ကြည့်ပုံကြည့်နည်းက ဆန့်ကျင်ဘက်ဖြစ်နေပေမယ့်..

SorryWhere stories live. Discover now