- mature content
-If you don't read adult scene, this is not for you.
-I warn you. I remind you. 😼--
အီဟီဆွန်း ခင်ဗျား လာရင်လာ .. မဟုတ်ရင် ငါ က သေခန်းပြတ်မှာ ကြားလား !
ဖုန်းထဲက အော်ဟစ်နေသည့် ဆောင်းဟွန်းမှာ အသံတွေပါ တုန်ခါလို့နေတယ်။ တကယ်က ဟီဆွန်း ဆိုးလ်နဲ့ ခပ်ဝေးဝေးမြေကွက်နေရာတွေ သွားကြည့်ဖို့ ရှိတာပင်။ ပြီးတော့ ဒယ်ဒီရဲ့ စနက်ကြောင့် မမဆိုတဲ့ မိန်းမကပါ အတူလိုက်လာပြန်တာရယ် ဆောင်းဟွန်းကို လမ်းတစ်ဝက်ကျိုးရောက်မှ ဖုန်းဆက်ပြောမိလိုက်တာရယ် ပြဿနာ စတော့တယ်။
"ပြန်လာလို့အဆင်မပြေဘူးလေကွာ .. ငါ့ ဒယ်ဒီခိုင်းထားတာတွေ လုပ်မှရမယ်"
ဟား အီဟီဆွန်း ဒါဆိုလည်း အဲ့ဒီမိန်းမကို ကားပေါ်က ပစ်ချထားခဲ့ပြီး ဆက်သွားလိုက်လေ မရဘူးလားလို့ ငါ့ကို သေအောင်လုပ်နေတာလား ရင်ပူလို့ သေတော့မယ် အဲ့မိန်းမနဲ့ တစ်ကားထဲ ရှိနေတာကြီးက!
"တော်ပြီ မကြာခင် ပြန်ရောက်မှာမလို့ တော်တော့ မအော်နဲ့ အသံတွေနာမယ် ငါ ပြောတာ နားထောင်!"
အရေးမပါတဲ့ စိတ်ပူတာတွေ ငါ စိတ်မဝင်စားဘူး ခင်ဗျားကို သေလောက်အောင် စိတ်ကုန်နေပြီ အီဟီဆွန်းရ!
"ဟ! ဟန်နီ.."
ဖုန်း ချပစ်သွားသည့် ဆောင်းဟွန်းကြောင့် ဟီဆွန်းခေါင်းတွေ ပူလာတော့တာပဲ။
ချော့လည်းမရ ခြောက်လည်းမရ ဒီလောက်ဆိုးတဲ့ဟာလေး မကြာခင် တွေ့ဦးမယ် .. ဟက် ..~
သူတို့ အတူနေသည့် အိမ်နေရာမှာတော့ ဟန်နီ မရှိလောက်တာ သေချာနေတာမို့ စတူဒီယိုကိုပဲ အမြန် ပြေးလာခဲ့ရသည်။
"ဟန်နီရှိလား"
ဝန်ထမ်းတစ်ယောက်ကို လှမ်းမေးလိုက်တော့
"ဟန်နီ.."
"ပတ်ဆောင်းဟွန်းကိုပြောနေတာ"
"အာ .. ဒီနေ့ အကိုဆောင်းဟွန်းက ဆိုင်ကို မလာဘူး"
"ဟမ် ဒါဆို ဘယ်သွားတာလဲဟ"
ခေါက်ခနဲ ပြန်ထွက်သွားတော့သည့် ဟီဆွန်းရဲ့ ဦးတည်ရာက ယောင်ချာချာဖြစ်လို့နေတော့တယ်။
YOU ARE READING
Sorry
FanfictionHeeHoon// Is it too late now to say sorry? Song - Sorry @-a-present.