Episode Three

2K 309 25
                                    


ဒီနေ့လည်းပဲ နားထောင်နေမိပြန်ပါတယ်။ On rainy days ဆိုတဲ့ သီချင်းလေးဟာ အလုပ်ခန်းထဲ ပျံ့လွင့်နေပြီး ရွာသွန်းနေတဲ့ မိုးနဲ့အတူ တိတ်တဆိတ်ကြေကွဲခဲ့ရတဲ့ လတွေ နှစ်တွေဆိုတာ နည်းတော့တာမှ မဟုတ်တာ။ အသားကျနေပါပြီ။ တကယ်ကို အသားကျနေခဲ့ပါပြီ။

"အစ်မ ..."

"ဝင်ခဲ့ပါ"

"ဟိုလေ ..."

"ဘာပြောမို့လဲ"

"Jennie Kim ထပ်ရောက်လာပြန်ပြီ။ အစ်မနဲ့ မတွေ့ရရင် လုံးဝမပြန်ဘူးတဲ့"

"အဲ့တာ သူ့သဘောနဲ့သူပဲလေ။ နေချင်တဲ့ နေရာမှာ နေပါစေ။ ဒီအခန်းထဲ မဝင်လာရင် ပြီးရော"

"ဟုတ်ကဲ့ အစ်မ"

ဆိုရွန်ထွက်သွားပြီး ခဏအကြာမှာပဲ လမ်းမကြီးရဲ့ ဘေးနားက မှန်တွေရဲ့ အပြင်ဘက်ကနေ ပရီယာ့ကို ရပ်ကြည့်လာတဲ့ မျက်ဝန်းတစုံဟာ တစစီကွဲကြေနေတဲ့ ဖန်ကွဲစတွေလိုပါပဲ။

စိတ်တိုချင်စရာကောင်းတဲ့ ဒီမိန်းမက တဆိတ်တော့ လွန်နေပြီမဟုတ်လား။ ထားခဲ့ပြီးမှတော့ ရွေးချယ်ခဲ့တဲ့ လူနဲ့ပဲ ပျော်အောင်နေရမယ်လေ။ မတော်တဆ လမ်းမှာတွေ့ခဲ့ကြရင်တောင် ပြုံးပျော်နေတဲ့ သူ့မျက်နှာလေးကိုပဲ ပရီယာက မြင်ချင်ခဲ့တာ။ လက်လွှတ်ပေးခဲ့တာ သူပျော်နေရမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့။

စုစည်းလို့မရတော့တဲ့ စိတ်တွေနဲ့အတူ ပုံစံပျက်ယွင်းသွားရတဲ့ ရွံ့စေးတွေကို လုံးချေလိုက်မိတော့သည်။ 

"ဆိုရွန် ..."

"ဟုတ်အစ်မ"

"Jennie Kim ကို အထဲဝင်လာခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ အစ်မ"

ချက်ချင်းဆိုသလို အခန်းအတွင်းရောက်ချလာတဲ့ ထိုမိန်းမဟာ အပြုံးမျက်နှာနဲ့တဲ့လေ။ သို့ပေမယ့် ဖြူဖက်ဖြူရော်ဖြစ်နေတဲ့ နှုတ်ခမ်းတွေကတော့ အဖျားအရှိန်ကြောင့် ဖြစ်ဟန်ပါပဲ။

ဆေးရော သေချာသောက်ရဲ့လား။ အင်္ကျီကရော ဘာလို့အဲ့လောက် ပါးနေရတာလဲ။ ထားပါ အဲ့တာ သူ့ကိစ္စ။ သူ့ဘာသာ သေသေကြေကြေ ပရီယာနဲ့ မဆိုင်ဘူး။

"မမနဲ့ အလုပ်အတူတူလုပ်ဖို့ လက်ခံလိုက်ပြီလား"

ပရီယာနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လာပြီး ပြောလာတဲ့စကားနဲ့ အသံအနေအထားကအစ တကယ်ကို ထရိုက်ပစ်ချင်စရာပဲ။

Hiraeth Where stories live. Discover now