"ဆိုရွန် ...""ဟုတ်ကဲ့ အစ်မ။ ခိုင်းစရာရှိလို့လား"
ကွန်ပျူတာရှေ့ အလုပ်ရှုပ်နေသော်ငြားလည်း ခပ်မြန်မြန် မတ်တပ်ထရပ်ပြီး အလောတကြီးနဲ့ တုံ့ပြန်လာတာကြောင့် သူမ,မှာ အားနာဟန်ဖြင့် လက်ကာပြရတော့သည်။ ပရီယာသည် ပုံမှန်စိတ်အခြေအနေနဲ့ဆို နူးညံ့သိမ်မွေ့လွန်းသူမို့ အရင်နေ့ရက်တွေကို ပြန်တွေးမိတဲ့အခါ ညီမတစ်ယောက်လိုဖြစ်နေတဲ့ ဆိုရွန်အပေါ် မျက်နှာပူစရာပင်။
"မဟုတ်ဘူးရယ်။ ထိုင်နေပါ ရတယ်။ ဟိုတခါတုန်းက ဆိုရွန်ဆီကို Jennie Kim ဖုန်းဆက်ဖူးတယ်မလား"
"ဟုတ်ကဲ့ ဆက်ဖူးပါတယ်"
"ဒါဆို သူ့ဖုန်းနံပါတ်ကို ဒီစာရွက်မှာ ရေးပေးမလား"
"ရှင် !"
အသင့်ယူလာသည့် စာရွက်အဖြူကို စားပွဲပေါ် တင်ပေးလိုက်သည့်အခါ မျက်လုံးအပြူးသားနဲ့ လူကို ကြည့်လာတော့သည်။ ထိုအခါ အရှက်ပြေ ချောင်းတချက်ဟန့်မိရ၏။
"သူ့ဖုန်းနံပါတ်ကို ရေးပေးလို့ ပြောတာလေ"
"အာ ဟုတ်ကဲ့ နားကြားများ မှားတာလားလို့ပါ"
တကယ်ကို အားတင်းပြီး ပြောလိုက်ရတဲ့ စကားရယ်ပါ။ ဒါတောင် ဆိုရွန်ရှေ့မှာမို့။
"Jennie unnie တောင် မလာတာကြာပြီနော်။ လက်လျော့သွားပြီထင်တယ်"
"ဟုတ်မှာပါ။ အစ်မထက်တော်တဲ့ အိုးထိန်းသည်တွေလည်း အများကြီးပဲလေ"
ကြိုးတစ်ချောင်းကို ခပ်တင်းတင်းဆွဲနေမိသူက ပရီယာ ကိုယ်တိုင်ဖြစ်ပြီး ပြန်လျော့ပေးရမယ့်သူကလည်း ပရီယာကိုယ်တိုင်သာ ဖြစ်ဟန်တူသည်။
မျက်စိရှေ့ကို အရိပ်အနေနဲ့တောင်မှ ပေါ်မလာတော့တဲ့ မမကြောင့် ပေါ်လာလေမလားဆိုပြီး လည်တဆန့်ဆန့်နဲ့ စောင့်ဆိုင်းနေမိသည်အထိ သိက္ခာတွေ၊ အရှက်တရားတွေ၊ စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေဆိုတာလည်း ဟိုးအောက်ဆုံးမှ တကယ်ကိုအောက်ဆုံးထိမှာပါပဲ။
"ဒါနဲ့ Jennie Kim အကြောင်း ဘယ်လောက်ထိသိထားလဲဟင် ..."
"သိသင့်သလောက်တော့ သိထားပါတယ်။ အရမ်းလည်း နာမည်ကြီးတော့လေ။ အဲဒီအစ်မက ညီမရဲ့ စံပြပုဂ္ဂိုလ်ဆိုလည်း ဟုတ်တယ်။ သူ့ဘဝလေးက တကယ်ကို သနားစရာပါ အစ်မရယ်"
YOU ARE READING
Hiraeth
Fanfictionမမကို နားလည်စေချင်သည်။ ထားခဲ့လိုက်တာမျိုးမဟုတ်ဘဲ ထားခဲ့လိုက်ရတယ်ဆိုတာကို ကျွန်မ တချိန်တုန်းက နားလည်ပေးခဲ့သလိုမျိုး နေခဲ့သင့်လို့ နေခဲ့လိုက်ရတဲ့ ဒီအခိုက်အတန့်မှာလည်း ကျွန်မဘက်ကို နားလည်ပေးစေချင်သည်။ - ပရီယာ 🌻 တစ်ယောက်ကိုတစ်ယောက် နှလုံးအိမ်ထဲ ထည့်သိ...