"Jennie Kim ပါ ဒေါက်တာ။ မေမေ့ရဲ့အခြေအနေလေး သိချင်လို့ ..."
" ...."
"ကျေးဇူးပါ ဒေါက်တာ .."
သတိမရသေးသော်ငြား အရင်ကထက်စာရင် တိုးတက်မှုရှိလာပြီဖြစ်တဲ့ မေမေ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် မနက်ခင်းအစမှာ Jennie ရဲ့ စိတ်တွေ ကြည်လင်သွားရသည်။ ဘဝထဲမယ် ရီယာလည်း ရှိလာပြီး မေမေလည်း အရင်လို ကျန်းကျန်းမာမာနဲ့ အနားမှာ ရှိပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ တွေးနေစဉ်မှာပဲ ...
"မတွေ့ရတာကြာပြီနော် အကို ..."
Elevator ထဲဝင်လာတဲ့ အကို (Park Bo Gum)သည် ရောက်နှင့်နေတဲ့ Jennie ကိုမြင်ပြီး မျက်လုံးတွေ အရောင်လဲ့သွားသည်။ ထိုအခါ ဦးဆုံးနှုတ်ဆက်လိုက်မိပါရဲ့။ မိမိကို လူကြီးလူကောင်းဆန်စွာဖြင့် စည်းဘောင်တခုအတွင်းကနေ သဘောကျနှစ်သက်နေသည့် ထိုအမျိုးသားကို ဖြစ်နိုင်ရင် ကမ္ဘာမြေပေါ်မှာတောင် မရှိစေချင်။ မျက်စိရှေ့ မြင်ရရင်ကို နေရ ထိုင်ရ ခက်လွန်းလို့လေ။ အမှားလုပ်ထားတာလည်း မရှိပါဘဲနဲ့ ရှောင်ထွက်ဖို့ကိုသာ တွေးမိသည်အထိ အကို့အပေါ် အားနာစိတ်တွေ ဝင်ရသည်။ အားနာတယ်ဆိုတာကလည်း ဒီတိုင်း စိတ်ထဲမသက်မသာ ဖြစ်ရုံရယ်ပါ။
"ဟုတ်ပါ့ဗျာ Jennie ရော နေကောင်းတယ်မလား။ ဒဏ်ရာရော သက်သာရဲ့လား .."
"သက်သာပါတယ်။ ဒါနဲ့ ဒီကို ဘာကိစ္စ .."
"ဒီနေ့ ဒီမှာပဲ ရိုက်ကူးရေးတခုရှိလို့လေ .."
"ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး .."
"Jennie ခဏလေး ..."
လက်ကောက်ဝတ်ကို ဖမ်းဆွဲလာတဲ့ လက်တစုံကြောင့် Jennie လန့်သွားမိသည်။ Elevator ထဲ ဘယ်သူမှမရှိဘူးဆိုတိုင်း ဒီလို လက်ရဲဇက်ရဲ နိုင်စရာလားနော်။ Jennie မျက်မှောင့်ကြုတ်ပြီး သူ့မျက်နှာကို မော့ကြည့်ပစ်လိုက်တော့ အားနာဟန်ဖြင့် မျက်နှာငယ်လေးနဲ့ လက်ကိုလွှတ်ပေးလာသည်။
"တောင်းပန်ပါတယ် Jennie ... တားချင်စိတ် လောပြီး ရုတ်တရက်မို့ .."
"အင်း ဘာပြောချင်လို့လဲ ..."
"ချစ်သူရှိတယ်ဆိုတာ ကိုယ့်ကို တမင်ပြောတာမလားဟင်။ သိရသလောက် Jennie မှာ တွဲနေတဲ့လူမရှိပါဘူး။ ကိုယ့်အပေါ် ငြင်းချင်ရုံနဲ့တော့ စိတ်အပင်ပန်းခံပြီး မုသားသုံးမရာမလိုပါဘူး။ Jennie ကို ဒီတိုင်းလေး မြင်ရရုံနဲ့တင် ကိုယ့်အတွက်က လုံလောက်နေပါပြီ"
YOU ARE READING
Hiraeth
Fanfictionမမကို နားလည်စေချင်သည်။ ထားခဲ့လိုက်တာမျိုးမဟုတ်ဘဲ ထားခဲ့လိုက်ရတယ်ဆိုတာကို ကျွန်မ တချိန်တုန်းက နားလည်ပေးခဲ့သလိုမျိုး နေခဲ့သင့်လို့ နေခဲ့လိုက်ရတဲ့ ဒီအခိုက်အတန့်မှာလည်း ကျွန်မဘက်ကို နားလည်ပေးစေချင်သည်။ - ပရီယာ 🌻 တစ်ယောက်ကိုတစ်ယောက် နှလုံးအိမ်ထဲ ထည့်သိ...