ပထမပိုင်း(U&Z)

592 45 0
                                    

"သူဋ္ဌေး ကော်ဖီပါ။"

"အင်း ထားခဲ့လိုက်"

အသက် 29နှစ်အရွယ် အမျိုးသားတစ်ဦး။
ရုံးခန်းက စားပွဲပေါ်မှာ စာရွက်စာတမ်းဖိုင်တွေအထပ်လိုက်နှင့် Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသူ။

တစ်ချက်တစ်ချက် မျက်ခုံးတွေတွန့်ချိုးသွားတာက
စိတ်ရှုပ်ထွေးနေမှုတွေက အတိုင်းသား။

Shirt အဖြူလက်ရှည်ကို တံတောင်ဆစ်နားအထိခေါက်တင်ထားပြီးတော့ Slacks နဲ့တွဲဝတ်ထားတဲ့ကြောင့် ပုခုံးအကျယ်နဲ့ ခါးအကျယ်ရဲ့ line ကိုတွဲမြင်နေရတာမို့ smart ဖြစ်နေပြီး ခန္ဓာကိုယ်အချိုးအစားကလည်း Gym ပုံမှန်သွားတဲ့သူဖြစ်တာကြောင့်
ကြည့်ကောင်းလွန်းနေသည်။

အတွင်းရေးမှူးလုပ်လာတာ ကြာပြီဖြစ်သလောက်
သူဋ္ဌေးရဲ့အပြုံးအရယ်ကို မြင်ရတာမျိုးက
ခပ်ရှားရှား။
ပြုံးတာမျိုးကတော့ ရံဖန်ရံခါတွေ့ဖူးပေမဲ့ သဘောတကျနှစ်နှစ်ခြိုက်ခြိုက် ရီတာမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ထိုလူရဲ့ ထူးခြားပြီးဆွဲဆောင်မှုပိုရှိနေစေတာက
အောက်နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်ကလေးကြောင့်များဖြစ်နေမလား။

"ဘာလုပ်စရာ ကျန်သေးလို့လဲ"

သတိလက်လွတ် ငေးကြည့်နေရင်းတဲ့အတွင်းရေးမှူးမလေးလည်း အသံခပ်သြသြ
ကြောင့် အလန့်တကြား သတိပြန်ကပ်ရသည်။

"မ..မကျန်တော့ပါဘူးရှင့်။"

"မကျန်တော့ရင် သွားလို့ရပြီ။"

"ဟုတ်ကဲ့ ဟုတ်"

ထပြောလိုက်မှသာ အခန်းအပြင်ကိုအမြန်ပြန်ထွက်သွားသည်။

ကိုယ့်အာရုံနဲ့ကိုယ် အလုပ်လုပ်နေတာမို့ ရပ်နေမှန်းသတိမထားမိလိုက်။
စိုက်ကြည့်နေသလို ခံစားရလာလို့ ကြည့်လိုက်တော့မှ
တမေ့တမော ရပ်ကြည့်နေတာ။
တကယ့် အာရုံပဲ။

လုပ်လက်စ အလုပ်တွေခဏရပ်ထားလိုက်ပြီး
ကော်ဖီခွက်ကို ယူလိုက်ပြီး မှန်တံခါးတွေဘက်လျှောက်သွားပြီး မြင်နေရတဲ့ Luxury condo တိုက်ခန်းတွေ အဆောက်အဦးအမြင့်တွေနဲ့ လမ်းပေါ်ကလူတွေကို ငေးကြည့်နေလိုက်သည်။

Christmas LoveWhere stories live. Discover now