ဒုတိယပိုင်း(U&Z)

471 46 0
                                    

Unicode

လူနေမှုများပြားလွန်းပြီး အဆောက်အဦးတွေ ကားတွေအများကြီးရှိနေတဲ့ မြို့ကြီးတွေလိုမျိုးနဲ့မတူ
ကွဲပြားခြားနားပြီး အေးချမ်းတဲ့သာမန်မြို့လေးတစ်မြို့။
ဖွံဖြိုးပြီးသားမြို့ကြီးတွေလို ခေတ်မှီတဲ့စက်ပစ္စည်းတွေကိရိယာတွေအစုံအလင်အများအပြားမရှိကြပေမဲ့ လိုအပ်တာတွေလည်းအကုန်ရနိုင်တဲ့
ဖွံဖြိုးဆဲမြို့တစ်မြို့ဖြစ်သည်။

လူမနေတာကြာပြီဖြစ်တဲ့ ခြံအရှေ့ကိုကားတစ်စီးရောက်လာတာမို့ တစ်ဖက်ခြံကနေ ခေါင်းပြူတစ်ပြူတစ်နဲ့ စပ်စုနေတဲ့သူကတော့
တစ်မြို့လုံးမသိတဲ့သူမရှိသလောက် အမြဲပတ်မွှေနေတတ်တဲ့ အသက် 22 နှစ်အရွယ် Park Jimin။

"Hello...Tae Hyungလား"

"အေး ငမွှေထိုး ပြော!!"

မြို့ထဲဘာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကအစ
မသိရရင်မနေနိုင်ကြတဲ့သူတွေမို့ အထူးအဆန်းတွေ့တာနဲ့ ဖုန်းကို လက်ကအော်တိုဆက်နေပြီးသား။

"ငါတို့ဘေးခြံလေ အဲ့အိမ်မှာလူမနေတာသိတယ်မလား။"

"သိတယ်လေ ဘာဖြစ်လို့လဲ သရဲတွေ့လို့လား။"

"မဟုတ်ပါဘူး"

"အဲ့ဒါဆို ဘာလဲ။ မင်း!! မဟုတ်မှ အဲ့အိမ်ထဲကိုကျော်ဝင်ပြီးတော့ သရဲရှာမှာလို့တော့မပြောနဲ့နော်"

"ပေါက်ကရတွေပြောနေပြန်ပြီ!!"

"အဲ့ဒါဆို ဘာဖြစ်တာလဲ ပြောလေကွာ!!"

ဖုန်းပြောနေရင်း ကားတံခါးဖွင့်ပြီးဆင်းလာသူကိုမြင်လိုက်ရတဲ့အချိန် ဆွံ့အသွားရသူမှာ ငမွှေထိုး!!

"ဝါးးး ဒီလောက်ချောတဲ့သူက ရှိတယ်လား။လောကကြီးမှာလေ!! ရှာတွေ့ပြီ လုံးဝကို ငါ့ idea type ပဲကွ"

"ဘာကိုရှာတွေ့တာတုန်း"

"ငါ့ idea type ကိုလို့"

"ဘယ်မှာတွေ့သွားပြန်တာလဲ"

"ဘေးအိမ်မှာလေ"

"ဟေ့ကောင် ငမွှေထိုး စိတ်နဲ့လူနဲ့ကပ်စမ်း!!
အဲ့ဘေးအိမ်မှာ လူမရှိပါဘူးဆိုကွာ"

ငိုသံကြီးနဲ့ ပြောလာတဲ့ သူငယ်ချင်းဖြစ်သူကြောင့်
သူကိုယ်တိုင်ပင်ကြောင်တောင်တောင်ဖြစ်သွားရသည်။
အစမရှိအဆုံးမရှိမို့ တလွဲတွေသဘောပေါက်သွားပုံပင်။

Christmas LoveWhere stories live. Discover now