ဇာတ်သိမ်းပိုင်း(U&Z)

546 61 2
                                    

Unicode

December 25!!
ဒီနေ့ကတော့ Christmas နေ့။
ပုံမှန်ထက်လည်း ရာသီဥတုအအေးကပိုကဲလာသလို
နှင်းတွေလည်းကျနေပြီဖြစ်သည်။

"ပြော ချာတိတ်!!အိမ်ကိုအကြောင်းရှိရင်ရော
အကြောင်းမရှိရင်လည်း အကြောင်းရှာပြီးခဏခဏလာနေတဲ့အကြောင်းလေးပြောပါအုံး "

"ပြောစရာလေးရှိနေလို့ပါ။"

"ဟုတ်ပြီ ပြောကြည့်ပါအုံး"

"ဖွင့်ပြောမလို့ပါ။"

"ဘယ်လို"

Jung kook နားကြားတွေမှားများသလားလို့တောင် တစ်ခါပြန်မေးယူရတဲ့အထိ။ကိုယ့်နားကိုယ်တောင် မယုံနိုင် ဒီကလေးက သူ့ကိုလေ။

"ဖွင့်ပြောမလို့ပါဆို"

"......"

"အကိုကြီးက ကျွန်တော့်ကိုသဘောကျနေတဲ့ပုံစံတွေမြင်နေရတာတောင် ခုထိဖွင့်မပြောလာတော့
စိတ်မရှည်တော့လို့ ကိုယ့်ဘာသာပဲပြောလိုက်တော့မယ်။"

"နေပါအုံး ခဏလေးနေပါအုံး"

ကိုယ့်ဘာသာဖုံးထားတာ တော်လှပြီထင်နေတာ။ဒီကလေးကရိပ်မိနေတာတဲ့လား။

"ဘာပြောမှာလဲဗျာ မြန်မြန်ပြော!! ဖွင့်ပြောဖို့စီထားတဲ့
စကားတွေ ဗရုတ်သုတ်ခတွေဖြစ်ပြီးမေ့ကုန်တော့မှာပဲ ဦးနှောက်က အကြာကြီးမှတ်ထားလို့မရပါဘူးဆို။"

"ဟမ်!!"

"ဟုတ်တယ်ဗျ ကျောင်းတုန်းကတောင် အရမ်းရှည်တဲ့စာပိုဒ်တွေတစ်ခုမှမကျက်ဘဲ ချန်ထားခဲ့တာ။"

"ဒါနဲ့ ဖွင့်ပြောရမယ်ဆို ကိုယ်ကအရင်စပြောရမှာမဟုတ်ဘူးလား"

"ခုကဘယ်ခေတ်ကြီးတောင် ရောက်နေပြီလဲ ပြန်
ကြည့်ပါအုံး။ဒီလူကပဲစဖွင့်ပြောရမယ်ဆိုပြီးတော့ သတ်မှတ်ချက်တွေမရှိပါဘူး။ဘယ်သူပဲ ပြောပြော နောက်ဆုံးချစ်သူတွေဖြစ်သွားကြမှာပဲလေ။"

"သြော်"

"ခေတ်မှီစမ်းပါ လေ့လာသင်ယူဖို့တွေလိုနေသေးတာပဲ။ဒါတောင် စီးပွားရေးလုပ်ငန်းရှင်မို့"

ခေါင်းကုတ်လိုက် နားရွက်ကုတ်လိုက်ဖြင့် တစ်ဖက်လှည့်ချင်ယောင်ဆောင်ကာ လေသံတိုးတိုးဖြင့်
အတင်းကပြောသွားသေးသည်။

Christmas LoveWhere stories live. Discover now