တတိယပိုင်း(U&Z)

427 49 0
                                    

Unicode

"အိုးမိုင်ဂေါ့ ဝှက်သယ်ဖွတ်!! ခန္ဓာကိုယ်ကြီးက"

"ဝှက်သယ်ဖက် ဝှက်သယ်ဖက်"

နှစ်ယောက်သား ခြံစည်ရိုးအကွယ်ကနေ တစ်ဖက်ကလေ့ကျင့်ခန်းလုပ်နေသူကို ချောင်းကြည့်နေကြခြင်းဖြစ်သည်။

"အေး ဟုတ်တယ် စကားတွေမှားသွားတာ။"

စကားတွေမှားရင်လည်းမှားချင်စရာ။
လေ့ကျင့်ခန်းလုပ်နေရင်း အင်္ကျီဆွဲချွတ်လိုက်တော့
တောင့်တင်းနေတဲ့ခန္ဓာကိုယ်အချိုးအစားက ယောကျာ်းလေးတိုင်းလိုချင်ကြတဲ့ပုံစံမျိုး။
ကြွက်သားအမို့အမောက်တွေက သူ့နေရာနဲ့သူ ရှိနေပြီး ပုခုံးကလည်းအတော်လေးကျယ်သည်။

ထို့အပြင် ဘယ်ဘက်လက်မောင်းတစ်ခုလုံး ထိုးထားတဲ့တက်တူးတွေက ထိုအမျိုးသားကိုပိုမိမိုက်သွားအောက်ပံ့ပိုးကူညီထားသယောင်။
လေ့ကျင်းခန်းလုပ်နေတာမို့ ချွေးတွေရွှဲနေတဲ့ပုံစံကိုကပိုပြီးဆွဲဆောင်မှုရှိနေတာပင်။

"ငါလေ Troye Sivan ရဲ့ Angle Baby သီချင်းစာသားထဲကလို counting the tattoo on your skin ဆိုသလိုမျိုး ထိုင်ပြီးအဲ့တက်တူးတွေကို
တစ်ခုစီရေတွက်ချင်လိုက်တာ"

"တက်တူးဘယ်နှစ်ခုလဲဆိုတာကိုသိချင်လို့ ဆိုပြီးသွားကြည့်လေ။"

"တော်ပါပြီ အဲ့လောက်ကြီးကျသတ္တိမရှိဘူး။"

လေ့ကျင့်ခန်းလုပ်နေရင်း မျက်လုံးထောင့်ကနေ
မြင်နေရတဲ့ လှုပ်စိလှုပ်စိအရာနှစ်ခု။
သူတို့ကိုယ်သူတို့ အရမ်းတွေလုံနေပြီထင်နေကြပုံပင်။

ထိုနှစ်ယောက်ထဲက ခေါင်းဝါလေးကိုတော့
Jungkook သတိထားမိပါသည်။
သတိမထားမိလို့လည်းမရတော့ မေမေက သရက်သီးလာပို့ခိုင်းလို့ ဖေဖေက ဖရဲသီးပေးခိုင်းလိုက်လို့
စတဲ့စတဲ့ အကြောင်းပြချက်မျိုးစုံ လက်ကိုင်ထားပြီးထားတော့ တစ်နေ့တစ်ခါပုံမှန်လာနေတာမို့။

လာတဲ့အခါတိုင်းလည်း အကိုကြီးအသက်ကဘယ်လောက်လဲ ချစ်သူရောရှိလား ကြိုက်တတ်တဲ့အစားအစားကရောဘာလဲ သူမေးချင်ရာတွေရအောင်မေးပြီးမှပြန်စမြဲ။
ဒီနေ့လည်း ဘယ်လိုအကြောင်းပြချက်နဲ့ ရောက်လာအုံးမယ်မသိ။

Christmas LoveWhere stories live. Discover now