Chapter 2 🐣

1.5K 119 4
                                    

ရင်ခုန်သံပုစိကွေး ( S-2 )

Chapter 2 🐣



"ကိုကိုရေ!"

မိုးလင်းပါပြီဆိုတည်းကအော်နေလိုက်တာ ဘာတွေများအဲဒီ့လောက်ထိအသည်းအသန်ဖြစ်နေပြန်တာလဲ?

"ကိုကိုရေလို့ .."

"လာနေပါပြီကွာ။ ဘာလို့အရမ်းအော်နေရတာလဲ?"

"ကိုကိုကရော ဘာလို့အရမ်းနောက်ကျနေရတာလဲ? ကျောင်းပို့ပေးဦးလေ"

"ဟောဗျာ ... အခုမှ ၈နာရီတောင်မထိုးသေးဘူးလေ။ အတန်းက ၉နာရီခွဲမှမဟုတ်ဘူးလား?"

"၉နာရီခွဲမှဟုတ်တယ်လေ။ ကားစက်နှိုးရဦးမှာနဲ့၊ ခြံထဲကနေကားထုတ်ရဦးမှာနဲ့၊ လမ်းမှာကားမောင်းရမှာနဲ့ဆို နောက်ကျမှာစိုးလို့ပေါ့"

"မနေ့ကတော့ကျောင်းမတက်ချင်ဘူးဆို။ ဒီနေ့ကျ မနက်၄နာရီတည်းကနိုးနေတာမလား?"

"မနေ့ကပုစိကွေးနဲ့ဒီနေ့ပုစိကွေးက မတူတော့ဘူးလေ ကိုကိုရဲ့။ ဒီနေ့ကကျောင်းပျော်လေးဖြစ်သွားပြီ .. ဟီးဟီး"

"ဟုတ်ပါပြီ။ ဒါဆိုလည်း ကားထဲကစောင့်နေ ... ကိုကို ဖိနပ်စီးပြီးရင်ထွက်လာခဲ့မယ်"

"မြန်မြန်လာနော် ကိုကို"

တကယ်ကိုပဲ
မနေ့က Park Jimin ဟာ ဒီနေ့ Park Jimin မဟုတ်တော့ပါ။
အသွင်အမျိုးမျိုးပြောင်းနိုင်တဲ့စွမ်းအားတွေလည်း ရှိနေသေးတာပဲကိုး

မနေ့ကလိုလည်း အစောဆုံးလာကြိုပေးဖို့ သူမပူဆာတော့ဘူး

×××

"Jungkook"

"ဟုတ်ကဲ့ခင်ဗျ"

"ဒီနေ့ မော်ဒယ်တစ်ယောက်အသစ်ရောက်မယ်။ လက်ခံပေးထားပြီး အဆင်ပြေအောင်လုပ်ပေးပါဦး။ တာဝန်ခံကခရီးထွက်နေလို့"

"ဟုတ်ကဲ့ ရပါတယ်ဗျ။ ဟိုတစ်နေ့က ကျွန်တော်တို့စာရင်းလုပ်ထားတဲ့ထဲကပဲမလား?"

"ဟုတ်တယ်။ Ho Jun လေ ... Jungkook သိမယ်ထင်တယ်"

"ဟုတ် သိပါတယ်။ ကျွန်တော်လက်ခံပေးထားပါ့မယ်"

ရင်ခုန်သံပုစိကွေး ( S-2 )  (Z+U)Where stories live. Discover now