Chapter 4 🐣

1.2K 96 7
                                    

ရင်ခုန်သံပုစိကွေး ( S-2 )

Chapter 4 🐣



Jimin ထားခဲ့တဲ့အတိုင်း Ho Jun ကျန်ခဲ့ရသည်။

×××

Jungkook ကစိတ်တိုနေသေးတာမို့ ဘာစကားမှမပြောပဲနေတာမှန်ပေမဲ့ Park Jimin ကတော့စိတ်ကောက်လို့ဘာစကားမှမပြောပဲနေ၏။

ကြောက်တော့ကြောက်သည်
ဒါပေမဲ့ ကောက်သည်

သူအော်မိထားတာမို့ကောက်နေမှန်းသိသော်လည်း Jungkook ကပြန်ချော့ဖို့စိတ်မပါသေး။ Ho Jun နဲ့အတူရှိနေခြင်းရဲ့အကျိုးဆက်က Jimin အတွက်လုံးဝမကောင်း။

အလုပ်ရှိသေးတာမို့ ကားကိုရှုတင်ထိမောင်းလာပြီး Jimin ကိုအရင်နေရာချပေးသည်။
နေရာထိုင်ခင်းသေချာလုပ်ပေးပြီး ဗိုက်ဆာရင်စားရအောင်လည်း သူကြိုက်သမျှမုန့်တွေကအစဝယ်ထားပေးသည်။ ဒိန်ချဥ်ဘူးတွေကိုဖောက်ပြီးပိုက်တပ်ထားပေးခဲ့သလို ရေဘူးအဖုံးတွေလည်းဖွင့်ပေးထားခဲ့သည်။

ဘာတစ်ခုမှလိုအပ်သည်မရှိရလေအောင်လုပ်ပေးပြီးမှ  Jungkook အလုပ်ဆက်လုပ်သည်။
Park Jimin ဆိုတာကလည်း စိတ်သာကောက်နေပေမဲ့ မုန့်တွေကိုတော့အကုန်စားသည်။ သူ့အတွက်လုပ်ပေးခဲ့တာမို့ ဘယ်သူ့ကိုမှတောင်မမျှဝေပေး။

ကောက်တော့ကောက်သည်
ဒါပေမဲ့ စားသည်

×××

ကုမ္ပဏီမှာပြဿနာဖြစ်လာပြီးတည်းက Jimin ကစကားလုံးဝမပြော။ ချော့ရမယ်မှန်းသိပေမဲ့ Jungkook ကအချိန်မအား။
အပြန်ကျချော့မယ်ဆိုတော့လည်း အစားတွေနင်းကန်စားထားတဲ့ Jimin ကကားပေါ်မှာအိပ်မောကျနေခဲ့သည်။

"ကလေး ..."
အလုပ်တွေပြီးလို့ အိမ်ကိုရောက်လာတဲ့ထိ သူအိပ်နေတုန်း!

"ကလေး ... အိမ်ရောက်ပြီ"

"အွန်?"
အိပ်ချင်မူးတူးထလာပြီး ကားတံခါးဖွင့်ဖို့အလုပ် ...

"ကိုကို!"
မျက်စိရှေ့ကမြင်ကွင်းကြောင့်ထအော်တော့သည်။
နေ့လည်ကသူ့ကိုအော်ထားလို့ လက်စားချေသလားတောင်ထင်ရအောင်ထိ။

"ဘာလဲ? ကိုကိုကသားကိုစွန့်ပစ်တော့မလို့လား?"

"ဟမ်?"
ဒါကရောဘယ်လိုစကားကြီးလဲ?

ရင်ခုန်သံပုစိကွေး ( S-2 )  (Z+U)Where stories live. Discover now