ရင်ခုန်သံပုစိကွေး ( S-2 )
Chapter 13 🐣
အဖေဖြစ်သူရဲ့ဖုန်းဆက်သတိပေးချက်အရ Jungkook အလုပ်အဆင်မပြေဖြစ်ခဲ့ကြောင်း Jimin သိထားပြီးဖြစ်သည်။
ညကကိစ္စနဲ့ဆက်စပ်ပြီးပြန်တွေးကြည့်တော့လည်း သူ့ကြောင့်ဆိုတာသိသာ၏။ကျောင်းလာကြိုပြီးအိမ်ပြန်တဲ့လမ်းတလျှောက်လုံးလည်း Jungkook ကမျက်နှာမကောင်း။ ထုတ်မပြောတတ်တဲ့သူမို့သာမသိကြပေမဲ့ အဆင်မပြေတာရှိလာပြီဆို မျက်နှာကအရမ်းသိသာတာမို့ Jimin လည်းငြိမ်ငြိမ်လေးနေပေး၏။
အိမ်ရောက်တော့ ...
"အဒေါ်ကြီး ရေတစ်ခွက်လောက်ပေးပါ"အပေါက်ဝကနေဆီးလို့ ရေတစ်ခွက်တောင်း၏၊
ထို့နောက် ...
"ကိုကို .."
ဆိုပြီး ထိုရေခွက်ကိုကမ်းပေးသည်။တစ်ခါဖူးမှမမြင်ဖူးတဲ့ဒီအပြုအမူတွေက Jungkook အတွက်တော့တွေးတောစရာ။
"ဘာလို့လဲ?"
"ဟင် ဘာကိုလဲ?"
"ကိုကို့ကိုရေတွေဘာတွေတိုက်နေလို့လေ။ ဘာလို့လဲ လို့?"
"ကိုကိုကလည်း ကိုကိုပင်ပန်းနေတယ်ထင်လို့ရေတိုက်တာလေ။ ဘာလို့လဲ ဆိုတာကဘာကြီးလဲ?"
ငြူစူစူနှုတ်ခမ်းလေးကိုမြင်တော့ Jungkook လေဖျော့ဖျော့မှုတ်ထုတ်မိသည်။ ထပ်ပြီး ဘယ်လိုကိစ္စကိုမှမဖန်တီးချင်တော့တာမို့ ဆိုဖာပေါ်သာမှီချလိုက်တော့၏။ အပေါ်အင်္ကျီကိုချွတ်ပြီး မျက်လုံးလေးစင်းလို့ နဖူးပေါ်လည်းလက်တင်ထားသေး၏။
ထိုပုံစံကသူနဲ့မရင်းနှီးတာမို့ Jimin တကယ်ပဲမနေတတ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် Jungkook ကသူနဲ့အလိုက်သင့်နေပေးနေကျ၊ စိတ်ညစ်စရာဆိုတာရှိလာရင်တောင် သူ့ကိုတော့အရေးပေးတတ်တဲ့ထိုအမျိုးသား ။
"ပုစိကွေးလေး"
"ဗျာ?"
အဒေါ်ကြီးက လက်ယှက်ခေါ်တာမို့အနားကိုသွားလိုက်ပြီး ...
"ဘာဖြစ်လို့လဲ အဒေါ်ကြီး""သားလေးရဲ့ကိုကိုက ဘာဖြစ်နေတာလဲ?" အဒေါ်ကြီး သူ့ကိုဒီလိုပုံစံမျိုးတစ်ခါမှမတွေ့ဖူးပါဘူး"
YOU ARE READING
ရင်ခုန်သံပုစိကွေး ( S-2 ) (Z+U)
FanfictionJeon Jungkook ~ "ပုစိကွေး!" Park Jimin ~ "ဟုတ်ကဲ့ ကိုကို" ***** Jeon Jungkook ~ "ပုစိေကြး!" Park Jimin ~ "ဟုတ္ကဲ့ ကိုကို"