ရင်ခုန်သံပုစိကွေး ( S-2 )
Chapter 10 🐣
"ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်ခင်ဗျ"
"ကောင်းပါပြီကွယ်။ နောက်လည်းလာလည်ဦးနော်"
ဒီစကားဟာဧည့်ဝတ်ကျေချင်ရုံသက်သက်ပြောတာဟုတ်ရဲ့လား တောင်မသေချာဘူး။ ဖိုးဖိုးကြီးက သူ့ရင်ထဲကနေသူ့မြေးကိုဆွဲထုတ်သွားတဲ့ ဒီ Jeon Jungkook ဆိုတဲ့ကောင်ကိုသာကြည့်မရတာ၊ ကျန်တဲ့လူတွေကျ သဘောကိုကျလို့။ မသိရင် ဟောဒီ့ကောင်ကြီးရင်ထဲကနေပြန်ဆွဲထုတ်ပြီး တခြားရင်ခွင်ထဲထည့်တော့လိုက်တော့မလိုမျိုး။"ဟုတ်ကဲ့ပါခင်ဗျ"
Ho Jun ပြန်သွားတဲ့အချိန်က ညနေတောင်ရောက်နေပြီမို့ ဒီပိတ်ရက်မှာ Jungkook က Jimin အနားတောင်မကပ်လိုက်ရ။ ခါတိုင်းဆို မိဘအိမ်ပြန်လာလည်း ပူးပူးကပ်ကပ်နေလို့ရခဲ့ပေမဲ့ အခုတော့အခြေအနေတွေဟာမတူ။
ဒီလိုဖြည်းဖြည်းချင်းဝေးကွာလာတဲ့ခံစားမှုမျိုးကို Jungkook ကတစ်ဖတ်သတ်ခံစားလာရပြီး ထိုခံစားချက်တွေကိုမနှစ်မြို့။
"ကိုကို ... အပြန်ကျရင် ကျောင်းဘက်ကနေပတ်မောင်းပေးနော်"
"အင်း"
"အဲဒီ့လမ်းနားကဆိုင်မှာ တော့ပိုကီဝယ်ချင်လို့"
"အင်း"
Jimin ကတကယ်ပဲမျက်နှာရိပ်မျက်နှာကဲမသိတာလား? ကိုယ်ချင်းမစာပေးတတ်တာလား? ဆိုတာ Jungkook တစ်ခါမှမတွေးကြည့်မိ။ သူဘာပဲဖြစ်နေဖြစ်နေလည်း ဒီကလေးကိုမပြောပြခဲ့။ ဒါဟာ Jimin နားမလည်နိုင်မှာထက် သူ့လိုမျိုးရှုပ်ထွေးတဲ့ခံစားချက်တွေမရစေချင်တာကြောင့်ဖြစ်၏။
×××
"ကိုကို ရပ်တော့လေ!"
"ဟမ်?"
"ဆိုင်ကဟိုမှာလေ ကိုကိုကလည်း"
"အာ ... sorry ။ ကားပြန်ကွေ့ပေးမယ်"
YOU ARE READING
ရင်ခုန်သံပုစိကွေး ( S-2 ) (Z+U)
FanfictionJeon Jungkook ~ "ပုစိကွေး!" Park Jimin ~ "ဟုတ်ကဲ့ ကိုကို" ***** Jeon Jungkook ~ "ပုစိေကြး!" Park Jimin ~ "ဟုတ္ကဲ့ ကိုကို"