"မောင့်ချစ်သူ အချေလေး"
part-3ယွန်း ကျောင်းက အပြန်အိမ်ရောက်လို့ ခြံထဲဝင်မည်အလုပ်တွင်...
" အမ အမ..."
ယွန်း လှည့်ကြည့်တော့ delivery ဖြစ်သောကြောင့်....
" ဘာကိစ်လဲ..."
" အမတို့ အိမ်လိပ်စာနဲ့ဒီပစ္စည်းလေး ရောက်နေလို့ လာပို့တာပါ..."
ယွန်း ကြည့်လိုက်တော့...နှင်းဆီအနီတစ်ပွင့်နှင့် အနီရောင် ဖဲပြားတွေနဲ့ ထုတ်ထားသော ပစ္စည်းလေး...
" ပေးတဲ့သူ နာမည်က..."
" အဲ့ဒါတော့..ကျွန်တော်တို့ ပြောလို့မရဘူးဗျ..."
ဟု ဆိုကာ ထွက်သွားသည်။ယွန်းလည်း ထိုပစ္စည်းတွေကို ယူလာကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
အိမ်ထဲရောက်တော့ ယွန်း နီရဲလှပနေသော နှင်းဆီနီနီလေးကို နမ်းရှိုက်မိလိုက်သည်။သင်းပျံ့လာသော စူးရှရှ နှင်းဆီရနံ့လေးက ယွန်းရဲ့တစ်နေ့တာ ပင်ပန်းသမျှ ပြေပျောက်စေပြီး စိတ်ကိုကြည်လင်စေသည်။
"မေမေရေ မေမေ"
ယွန်း ခေါ်နေပေမဲ့ ဘာအသံမှ မကြားရသည့်အပြင် တစ်အိမ်လုံး တိတ်ဆိတ်နေလေသည်။
"မေမေကတော့လေ... ယွန်းကို ဘာတွေများ Surpiseလုပ်မလို့လဲ မသိဘူး"အခန်းထဲရောက်တော့ အနီရောင်ဖဲပြားတွေနှင့် ထုတ်ထားသော ပစ္စည်းလေးကို ဖွင့်ကြည့်လိုက်သည်။ပထမဆုံး ယွန်း တွေ့လိုက်ရတာက...
"09*********"
အနီရောင် စာရွက်လေးပေါ်က ဖုန်းနံပါတ်လေးတစ်ခု...စာရွက်လေးရဲ့ နောက်ကျောဘက်မှာလည်း စာလေးတွေ ရေးထားသေးသည်။ဗူးထဲတွင်တော့ ပစ္စည်းများ ကျန်နေပေအုံးမည်။စာရွက်ကလေးအား ဖွင့်ဖတ်ကြည့်လိုက်တော့...
"နှင်းဆီနီနီလေးကို သဘောကျပါရဲ့လား ဒေါ်ယွန်းမြတ်ခြယ်"
ယွန်း ပထမဦးဆုံး ဖတ်မိလိုက်တဲ့ စာတစ်ကြောင်းကြောင့် မောင်ပေးမှန်း ယွန်း သိသွားခဲ့သည်။နောက် ဆက်ဖတ်ကြည့်တော့...
"ဘယ်လောက်ပဲခက်ထန်မာကြောတဲ့အမျိုးသမီးဖြစ်နေပါစေ
ပန်းတွေရှေ့ရောက်ရင်တော့အလိုလိုကောက်ယူနမ်းရှိုက်မိတာပဲဒီလိုပါပဲချစ်ရတဲ့သူအရှေ့ရောက်ရင်လဲအလိုလိုနူးညံသွားရတာပဲ
ဒါဟာ...လွန်ဆန်မရတဲ့သဘာဝထဲကတစ်ခုပဲမဟုတ်လား..."
ယွန်း ထိုစာရွက်လေးထဲမှ ဖုန်းနံပါတ်လေးကို ဆက်လိုက်သည်။