part-4

566 45 5
                                    

"unicode"

taehyungနဲ့နေ့လယ်စာအတူစားပြီးနောက် အဖေ့ဆီကမက်ဆေ့ပို့လာသည်

.ဒီညအိမ်ကိုပြန်လာခဲ့ဦး မိသားစုစုံစုံလင်လင်ညစာစားရအောင်

အလုပ်တွေရှုပ်နေတာနဲ့အိမ်ကိုမရောက်ဖြစ်တာကြာပြီ အဖေနဲ့အမေကိုလဲတွေ့ချင်တာကြောင့်ညရောက်တော့ထွက်လာခဲ့သည်

အိမ်ထဲရောက်တော့အမေကမီးဖိုချောင်မှာအလုပ်ရှုပ်နေပြီးအဖေကဘေးကကူပေးနေသည် မမကတော့ဂိမ်းဆော့နေပြီး သူ့ညီလေးကတော့ကြောင်လေးနဲ့ဆော့နေသည်

"ကျွန်တော်ရောက်ပြီ"

"အေး ခနစောင့်ဦးဒီမယ်ကျက်တော့မယ်ဟင်းတွေ"

"ဟုတ်ကဲ့"

ညီလေးကသူ့ကိုတွေ့တော့တစ်ချက်ကြည့်ပြီးကြောင်နဲ့သာဆော့နေသည် ကိုယ့်အကိုအိမ်ပြန်လာတာကိုမကြိုဆိုဘူးခွေးကောင်လေး

ခနနေတော့အကုန်လုံးအဆင်သင့်ဖြစ်ပြီးစားပွဲဝိုင်းမှာမိသားစုဝင်တွေထိုင်နေကြသည်

"သားjungkook ချစ်သူကောင်လေးပါအတူခေါ်မလာဘူးလား"

တိတ်တဆိတ်ညစာစားနေတဲ့jungkookကိုအမေဖြစ်သူကထမေးတော့သီးသွားသည်

"အဟွတ် အဟွတ်"

"ဒီကောင် ဒါလေးမေးတာကိုထသီးရတယ်လို့"

"အဟွတ် အမေ့ကိုဘယ်သူပြောတာလဲ!"

မမကမျက်နှာလွဲသွားသည် သူသိလိုက်ပြီဒါကသင်းလက်ချက်

"မေးတာသာဖြေစမ်းပါ နင့်လိုလူ့ဂွစာကရည်းစားတောင်ရပြီပေါ့ အံသြလွန်းလို့ပါ"

"ဟာ အမေကလဲဗျာ"

"အမေကလဲလုပ်မနေနဲ့ အဖေဖြစ်သူတောင်ပြောမပြတာ မင်းအဲ့ကောင်လေးကိုအပျော်ကြံနေတာလား သူများသားသမီးကို
မင်းကွာ"

"ဟာဗျာ အဖေပြောမှသားကလူယုတ်မာကြီးလုံးလုံးဖြစ်နေပြီ အပျော်ကြံတာလဲမဟုတ်ဘူး ပြောဖို့မေ့နေလို့ပါ"

"ဘယ်တော့လက်ထက်မလဲ အင်း နေ့ကောင်းနေ့မြက်တော့ရွေးထားရမယ်"

"ကလေးဘယ်နှစ်ယောက်ယူဖို့မင်းတို့စဥ်းစားထားလဲ များလေကောင်းလေပဲငါတို့မြေးတွေထိန်းရတာပေါ့"

Die for you Where stories live. Discover now