"unicode"ကားမောင်းနေတဲ့သူ့ရဲ့driverအသစ်လေးကိုအကဲခတ်လိုက်သည် ငယ်ရွယ်ပြီးတက်ကြွတဲ့ပုံ ကားကိုကျွမ်းကျင်စွာမောင်းတက်တာကြောင့်မဆိုးဘူးပြောရမယ်
"မင်းနာမည်က ဂန်မင်ယောင်း?"
"ဟုတ်ကဲ့ ဂန်မင်ယောင်းပါခဗျ"
"ကောင်းပြီ ဒီနေ့ရိုက်ကွင်းနားမှာမြင်ခဲ့သမျှကိုမေ့လိုက် လျှောက်ပါးစပ်ဖွာပြီးပြောနေရင် ငါ့အကြောင်းသိမှာပါ"
"nae..မပြောပါဘူးဗျ ကျိန်ဆိုကျိန်ရဲပါတယ် စိတ်ချပါခဗျ!"
"မင်းရဲ့တုန့်ပြန်ကပြင်းထန်တာပဲ ကောင်းပြီ
စောင့်ကြည့်နေမှာမို့ ကိုယ့်အလုပ်ကိုယ်လုပ်""ဟုတ်ကဲ့ပါ မင်းသား.."
"မင်းသားလို့မခေါ်နဲ့ ငါကမင်းထက်အသက်ပိုကြီးတယ် hyungတပ်ခေါ်"
"ဟုတ် မင်းသား အယ် jungkook hyung"
"အွန်း ရပြီ"
"ဟုတ်ကဲ့.."
"အော် ဒါနဲ့မင်းရည်းစားထားဖူးလား"
"မွေးကတည်းကတစ်ယောက်မှမထားဖူးပါဘူး"
"လူဖြစ်ရကျိုးမနှပ်ဘူးဖြစ်သွားပြီဒါက"
"ဗျာ.."
"ဘဝမှာတစ်နေ့နေ့တော့ချစ်ရတဲ့သူဆိုတာရှိလာဦးမှာ မတွေ့သေးရင်လဲရှာကြည့်ပေါ့"
"အပူတွေမရှာချင်သေးပါဘူး ဟဲ"
"မချစ်ဖူးသေးလို့ပြောတာပါ ပြီးရင်မင်းလဲအချစ်ကိုမငြင်းဆန်နိုင်လိမ့်မယ် ကဲသွားပြီ တာဝန်ကျေပါတယ်"
တောက်လျှောက်ပြောသွားတဲ့jungkook hyung..အချစ်ကအဲ့လောက်ပျော်စရာကောင်းတာလား အတွေးထဲရိုက်ကွင်းကနွေးထွေးတဲ့လူကြီးကြောင်းစဥ်းစားမိသွားပြီးမဆီမဆိုင်ရှက်သွားရတယ်
"ဘာတွေတွေးနေတာလဲဂန်မင်ယောင်းရေ.."
ဂန်မင်ယောင်းကိုဆရာလုပ်ပြီးသူ့ apartmentသို့ပြန်လာခဲ့သည်
သူ့မှာဘဝမှာအချစ်ဦးရော..အချစ်ဆုံးကရောရှာတွေ့ခဲ့ပြီးပြီလေ ပိုင်ဆိုင်နေရတာကဘယ်လောက်စိတ်ကျေနှပ်ဖို့ကောင်းလိုက်သလဲ