Part(1)

12K 328 5
                                    

Part(1)

"လမင်း....လမင်း"

တံခါးခေါက်သံကြားရသည်နှင့်တစ်ပြိုင်နက်ထ၍ရေချိုးခန်းထဲအပြေးဝင်သွားသည်။ရေချိုးခန်းတံခါးကိုဆွဲဖွင့်ရင်းအော်၍ပြောလိုက်သည်..။

"Ferryကိုခဏလောက်စောင့်ပေးပါဦးလို့ပြောပေးပါလားအန်တီ...."

"အေးအေး..သား..."

"ရေချိုးပြီး၍ထွက်လာကာကမန်းကတန်းUniformလဲပြီးလွယ်အိတ်လွယ်ကာထွက်လာခဲ့သည်။ပထမဦးဆုံးကေျာင်းစတက်သည့်နေဖြစ်ပေမယ့်လည်းစာတော်၍လူမှုဆက်ဆံရေးကောင်းမွန်သောလမင်းဟာဘာကိုမျှစိုးရိမ်ပူပန်မနေပါ။

*ဇင်လမင်းအောင် -အသက်17နှစ်
ဖော်ရွေ၊ခပ်အေး"နေတတ်သူ၊ယဥ်ကျေးသူ၊စနောက်တတ်သူ၊အရပ် - 5'4" *

____________________________

ကိုယ်ပိုင်အထက်တန်းကျောင်းဝင်းကြီးနားရောက်သည်နှင့်ကားဟွန်းသံများကဆူညံလို့နေပြီးကားများကြပ်ပိတ်သိပ်နေသည်။အရင်နှစ်ကသူငယ်ချင်းများကိုလည်းလမင်းမတွေ့မိပါ။ထို့ကြောင့်ဆရာမတစ်ဦးဆီသို့သွား၍.....

"တီချယ်...Grade(11)ကဘယ်နားမှာလဲဗျ"

ဆရာမကလှည့်လာ၍.....

"ဟိုဘက်အဆောင်ရဲ့အပေါ်ထက်ကိုသွားလိုက်အဲ့ကိုရောက်ရင်နောက်ထပ်ဆရာမတစ်ယောက်ကိုထပ်မေးလိုက်နော်သား..."

"ဟုတ်ကဲ့ဗျ...ကျေးဇူးပါဗျ.."

ဒီဘက်အဆောင်ဘက်ကိုလမင်းလမ်းလျှောက်လာရင်းး.....

"ဘုတ်......."

"ဟ....."

လူတစ်ဦးကလမင်း၏ပုခုံးကိုကိုဝင်တိုက်သွားကာတောင်းပန်စကားပြောမသွားတဲ့အပြင်လမင်းကိုတောင်အထက်အောက်စုန်ဆန်ကြည့်သွားသေးသည်။ထိုလူ့ကိုလမင်းမကျေနပ်သော်လည်းနောက်တစ်ခါထပ်တေွ့ရင်တော့မရဘူးမှတ်လို့တောင်လမင်းတေွးမိလိုက်ပါသေးသည်။ပြောမယ်သာပြောရတာထိုလူကခန့်ညားသည်။ထိုလူသည်ကျောင်းUniform၊Leather Bootsနှင့်သူ၏ဆံပင်များမှာဂုတ်လောက်ရှိပြီးဖြောင့်စင်းသည့်ဆံပင်ကိုတစ်ဝက်စီး၍ထားသည်။အပေါ်ထပ်ရောက်တော့မေးစရာတောင်မလိုတော့ဘဲအခန်းဝတွင်Grade-11(A)ဆိုပြီးတေွ့တော့ဝင်မလို့လုပ်ရာအခန်းထဲတွင်ခုနကလူကိုတေွ့လိုက်ရပြန်သည်။လမင်းဒေါသထွက်နေပြီးအခန်းထဲဝင်လာ၍ထိုလူနှင့်ခပ်ဝေး"ခုံမှာသွားထိုင်နေလိုက်သည်။ထိုလူကလမင်းကိုကြည့်နေပြီးလမင်းလှည့်ကြည့်လိုက်တော့သူပြတင်းပေါက်ဆီသို့ပြန်လှည့်သွားသည်။လမင်းစိတ်ရှုပ်သွားသည်။ထိုတွင်ဆရာမတစ်ဦးဝင်လာပြီးကျောင်းသူ/သားများကိုအခန်းခွဲပေးသည်။လမင်းကတော့သည်အခန်းပင်..။ကျောင်းသူ/သားများကိုနေရာချပေးသည်။တစ်ခုံတွင်တစ်ေယာက်သာထိုင်ရသောခုံလေးများဖြစ်သည်။တစ်ခန်းတွင်15ခုံသာရှိသည်။ဆရာမကလမင်း၏ဘေးခုံတွင်ထိုင်ဖို့ကျောင်းသားတစ်ယောက်လွှတ်လိုက်သည်။ထိုကျောင်းသားကလမင်းကိုဝင်တိုက်သွားသည့်လူဖြစ်နေတော့သူအရမ်းလန့်သွားသည်။ထိုသူက...

"ဟုတ်..."

လို့ပြောပြီးထိုင်လိုက်သည်။ဘေးနားတွင်ထိုင်ခိုင်းသည်ဆိုပေမဲ့တစ်ခုံနှင့်တစ်ခုံသည်နှစ်ပေခွဲလောက်ကွာသည်။

"ကဲကဲ....ကျောင်းသားတေွကိုယ့်နာမည်ကိုယ်မိတ်ဆက်ကြရအောင်...ကဲမင်းကနေစလိုက်..."

"...............၊..............၊................၊........"

"ဇင်လမင်းအောင်...."

လမင်းသည်ထိုလူ၏နာမည်ကိုသိရန်စောင့်ဆိုငးနေသည်။ထိုသူကသူ၏နက်ရှိုင်းသောမျက်လုံးများဖြင့်လမင်းကိုကြည့်ရင်း......

"နေမှူးခန့်......."

ထိုအချိန်တွင်တစ်ခန်းလံုးရှိကျောင်းသူ/သားအားလုံး၏မျက်လုံးကသူ့ဆီတွင်။သူ၏အသံမှာအရမ်းစွဲဆောင်လွန်းသည့်Deep Voiceကြီးဖြစ်၍
နာမည်နှင့်လူဟာလည်းပနံသင့်လှပေသည်...။

SUN & MOON in the whole universe(Uni)(Myanmar Fic)[Completed] Where stories live. Discover now