Part(31)
လမင်းမှာ လုံးဝဖုန်းမကိုင် လာသဖြင့်တီသင်းဆီများပြန်သွားတာလားဟူ၍ လမင်း၏အိမ်သို့ တရှိန်ထိုးမောင်းထွက်ခဲ့တော့သည်။
"တီသင်း!လမင်းဒီမှာလား!!"
အိမ်ပေါ်အမြန်တက်လာပြီး အမောတခေါနှင့် မေးလာသည်။"ဟမ်...သားဆီမှာမဟုတ်ဘူးလား!!"
"ဟာ...တောက်!!!"
နေမှူးခန့် အိမ်ပေါ်က အမြန်ပြေးဆင်းလာပြီး ကားကို
အရှိန်ဖြင့် မောင်းထွက်သွားပြန်တော့သည်။"မင်းဘယ်တွေသွားနေတာလဲ!!"
လမင်းရှိမည့်နေရာကို သူမရရအောင် စဥ်းစားနေသည်။
သူတို့အတူသွားခဲ့ဖူးသည့် နေရာမှန်သမျှ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် လိုက်ရှာနေခဲ့သည်။နောက်ဆုံး သူတို့
Cakeခွဲခဲ့သည့် Pink Ribbon ဟူသောCafeဆိုင်လေး
ရှေ့တွင်.....ခေါင်းလေးကို ခြေထောက်ကြားညှပ်ကာ ငုတ်တုပ်လေးထိုင်နေသော ကောင်လေး....."ဟူးးးး....."
မှူးခန့် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ကားစက်ရပ်ကာထိုကောင်လေးနားကို ဦးတည်သွားခဲ့သော်လည်း ထိုကောင်လေးမှာ ခေါင်းလေးမထွက်လာခဲ့။ဆိုင်ရှေ့ရှိ လှေကားထစ်လေးပေါ်တွင် ထိုင်နေသော ထိုကောင်လေးဘေးနားသို့ တိတ်တဆိတ် သွားထိုင်နေလိုက်သည်။ထိုအချိန်အထိ ခေါင်းမမော့လာသေး...."တစ်ယောက်တည်းလား...."
"......."
စကားသံအစား ရှိုက်သံတွေသာကြားနေရသည်....။"အရမ်းဝမ်းနည်းနေလား...."
"ဟင့်အင်း...."
"လိမ်တာညံ့လိုက်တာ....."
ဟူသော နေမှူးခန့်၏ စကားအဆုံးတွင် ခေါင်းလေးရုတ်တရက်ထွက်လာခဲ့သည်။မျက်လုံးထဲတွင်တော့ မျက်ရည်များအပြည့်။ထို့နောက် ခေါင်းလေးပြန်ဝင်သွားပြီး ရှိုက်ငိုသံတွေ ကြားနေရပြန်သည်။ထိုအချိန် မှူးခန့်က လမင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်သည်။လမင်းက အတင်းရုန်းပြီး မှူးခန့်၏ ရင်ဘတ်ကို ငိုရင်းနှင့်ပင် ဆက်တိုက်ထုနေတော့သည်...။မှူးခန့်ကလည်း မလွှတ်ပေးခဲ့ပါ...တင်းကြပ်စွာဖက်ထားဆဲဖြစ်သည်။နောက်ဆုံးတော့ လမင်း
ရပ်သွားပြီး မှူးခန့်၏ရင်ခွင်ထဲမှာပင် ငိုနေတော့သည်။

YOU ARE READING
SUN & MOON in the whole universe(Uni)(Myanmar Fic)[Completed]
Romance*ကိုယ်တို့ရဲ့အမှတ်တမဲ့တွေ့ဆုံမှု မှ SUN & MOON in the whole universe သို့ပြောင်းလဲထားပါသည်...* "ကျောင်းသားဘဝကနေ.....သက်ဆုံးတိုင်ထိအတူတူဖြတ်သန်းချင်တယ်......မှူး..."