Part(17)

2K 43 2
                                    

Part(17)

တိတ်ဆိတ်အေးချမ်းသော လပြည့်ညလေးတစ်ညမှာ လေညင်းလေးတွေတိုက်ခတ်နေသောကြောင့် နေမှူးခန့်တစ်ယောက်ဝရန်တာကနေကောင်းကင်ကြီးကိုမော့ကြည့်ရင်းပြုံးနေမိသည်။ဘယ်သူ့ကိုလဲဆိုတော့ လမင်းလေးကို...။
အင်ကျီလက်ကိုဖယ်ရင်းလက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့( 11:55 Pm)။

"မင်းက အတောက်ပဆုံးနဲ့လှနေတာဘဲ....ဒါပေမဲ့
မြေကြီးပေါ်ကအပြုံးချိုချို နဲ့လမင်းလေးကိုမင်းမမှီပါဘူး......"

ဟု နေမှူးခန့်တစ်ယောက်တည်းရေရွတ်နေမိသည်။ညတိုင်းလိုလိုကသူ့အတွက် အထီးကျန်စရာဖြစ်နေခဲ့သည်။ညတိုင်းလည်းသူ့မိဘတွေကိုလွမ်းဆွတ်မိသည်။တစ်ခါတစ်လေသူအရမ်းအထီးကျန်လာရင်ဆေးလိပ်တွေတစ်ထိုင်တည်းသောက်ပစ်လေ့ရှိတယ်..။ဟုတ်တာပေါ့...။သူ့ကိုဘယ်သူမှပြောမဲ့လူမရှိဘူးလေ....။

_______________________

ဒီနေ့လည်းကျောင်းကဝရန်တာကနေ စောင့်နေပြန်ပါသည်...။သူဘယ်တော့မှလက်မလျှော့...။နောက်ဆုံးတော့ ရောက်လာခဲ့သည်။ ဥက္ကာ ကသူ့ကိုတောင်လှည့်မကြည့်ဘဲအခန်းထဲဝင်သွားသည်..။လမင်းကလည်းသူ့နောက်ကနေကုပ်ကုပ်ကလေးလိုက်သွားသည်။ ဥက္ကာကသူ့ခုံတွင်ထိုင်၍လွယ်အိတ်ကိုမွှေနှောက်ကာ စာအုပ်ရှာနေသည်။လမင်းက ဥက္ကာ၏မျက်နှာကိုလက်ဖြင့်ယူမော့၍....

"ဥက္ကာ မင်းမျက်နှာကဘာဖြစ်တာလဲ...."
ဥက္ကာ ၏မျက်နှာတွင်မကျက်သေးသောဒဏ်ရာတစ်ခုကို
ပလာစတာနှင့်ကပ်ထားသည်..။

".........."

"မင်းနှစ်ရက်တောင်ဘာလို့ကျောင်းမလာတာလဲ....မင်းသက်သာရဲ့လား...နာနေသေးလား...ဟမ်"

"သူပေးခဲ့တဲ့ရင်ထဲကဒဏ်ရာလောက်တော့ဘယ်နာပါ့မလဲကွာ....."

"တောက်...မင်းဘာတွေပြောနေတာလဲကွာ....."
ဟုလမင်းကပြောရင်းသူ့ထိုင်ခုံတွင်စိတ်ဆိုးဆိုးဖြင့် ပြန်ထိုင်နေလိုက်သည်...။လမင်းစိတ်တိုပုံကိုလူအများသိပ်မမြင်ဘူးကြသဖြင့် လမင်းကိုကြောင်တောင်ကြည့်နေကြသည်။ထိုတစ်ချိန်တည်းမှာဘဲနေမှူးခန့်ရောက်လာ၍ကျောင်းသား/သူများအာရုံကျနေသောလမင်းဆီသို့အကြည့်ရောက်သွားသည်။နေမှူးခန့်လည်း လမင်းခုံဘေးရှိသူ့ခုံတွင်သူဝင်ထိုင်နေသည်....။လမင်းစိတ်တိုနေသည့်ပုံကိုလည်း နေမှူးခန့်က ခေါင်းကိုလက်ဖြင့်ထောက်ကာ လမင်းဘက်သို့တန်းတန်းကြီးကြည့်နေမိသည်...။အကြည့်တွေက သေလောက်ပါသည်....။လေညင်းလေးများတိုက်ခတ်နေသောကြောင့်နေမှူးခန့်၏ဆံနွယ်လေးမှာယိမ်းနွဲ့နေကြသည်...။ထိုအချိန်နေမှူးခန့်၏မြင်ကွင်းထဲသို့ ကောင်မလေးတစ်ယောက် ရောက်လာပြီးထိုကောင်မလေးကအမရာဖြစ်၍လမင်းကိုစကားလာပြောခြင်းဖြစ်သည်...။

SUN & MOON in the whole universe(Uni)(Myanmar Fic)[Completed] Where stories live. Discover now