Part(22)
ဒီနေ့လမင်းတစ်ယောက်ဗိုက်ဆာလာသောကြောင့်ကျောင်းရောက်သည်နှင့်လွယ်အိတ်ထားပြီးအောက်ပြန်ဆင်းလာခဲ့သည်....။သူအအေးဆိုင်တစ်ဆိုင်မှColaတစ်ဘူးမှာပြီးစားပွဲတစ်ခုတွင်တစ်ယောက်တည်းဝင်ထိုင်နေလိုက်သည်။ထိုစဥ် မျက်နှာချင်းဆိုင်စားပွဲနားကလူတစ်ဦးမှာထိုင်ခုံနောက်မှီကိုမှီရင်းသူ့ကိုကြည့်နေသည်မို့လမင်းမှာတခြားဘက်သို့မျက်နှာလွှဲလိုက်ရသည်....။
ထို့နောက် Colaနှင့်ဖန်ခွက်တစ်ခွက်လာသည်....။လမင်းကိုကြည့်နေသည့်ထိုလူ့ပုံစံမှာ ထူးဆန်းလှသည်....။Uniformတောင်မဝတ်ထားဘဲရှိုးမိုးအပြည့်နှင့်ဝတ်လာပြီးနေပုံထိုင်ပုံမှာလည်းသူ့ကိုယ်သူဘုရင်တစ်ပါးအထင်။ထူထဲသောမျက်ခုံး၊ဖြူစွတ်သောအသားအရည်၊အရပ်မြင့်မြင့်၊ပိန်ပိန်ပါးပါးနှင့်မေးရိုးချွန်ချွန်တို့မှာမင်းသားတစ်ပါးအလား...။ထိုလူကသူ၏ဆံပင်ဖွားဖွားများကြားထဲမှနက်ရှိုင်းသောမျက်လုံးများဖြင့်ဆက်တိုက်ကြည့်နေသည်မို့လမင်း မနေတတ်တော့ဘဲပိုက်ဆံရှင်းပြီးColaဘူးကိုယူကာအခန်းဆီသို့ပြန်လာခဲ့ရသည်.....။
လမင်းအခန်းထဲရောက်တော့ နေမှူးခန့်ကစာတွေရေးနေသည်ကိုတွေ့လိုက်ရတော့လမင်းပြုံးယောင်သမ်းသွားပြီးColaကိုတစ်ငုံမော့ကာသူ့ခုံတွင်သူပြန်ထိုင်နေလိုက်သည်....။'အဟမ်း...သူတောင်စာတွေကြိုးစားနေပြီဘဲ....ထူးထူးဆန်းဆန်း' ဟူ၍တွေးမိလိုက်ပြီးသူလည်းစာလုပ်ရန်ပြင်လိုက်တော့သည်....။ထို့နောက်ဆရာမရောက်လာပြီး စာစသင်တော့သည်....။
___________________________
ဒီနေ့ ဥက္ကာမလာသော်လည်းလမင်းတစ်ယောက်တည်းသွားလာနေရတာနေသားကျနေပြီဖြစ်သည်....။သို့ပေမဲ့သူငယ်ချင်းတစ်ယောက်လောက်တော့သူလိုချင်မိသည်.....။လမင်း ထမင်းစားပြီးအောက်ဆင်းရန်ပြင်နေသည်ကို နေမှူးခန့်က ကြည့်နေသည်....။ထို့နောက်လမင်းအခန်းပေါက်ဝသို့လမ်းလျှောက်သွားစဥ် လမင်း
ခွေခနဲလဲကျသွားသည်....။ထိုစဥ် နေမှူးခန့်အတင်းပြေးသွားပြီးလမင်း၏ပါးကိုတစ်ချက်နှစ်ချက်ရိုက်လိုက်သည်....။"လမင်း...လမင်း..လမင်း....!! "
နေမှူးခန့်၏အသံတို့မှာတုန်ရီစွာပင်....။အခန်းထဲရှိလူများမှာဝိုင်းကြည့်နေကြသည်.....။ထို့နောက် လမင်းကိုနှိုးမရသည့်အဆုံး နေမှူးခန့်က လမင်းကိုပွေ့ချီ၍ဆေးပေးခန်းသို့ အမြန်သွားလိုက်သည်....။လမင်းကို ကုတင်တစ်ခုပေါ်တွင်တင်ကာနေမှူးခန့်ကကုတင်ဘေးရှိထိုင်ခုံလေးတစ်ခုံပေါ်တွင်ထိုင်နေပြီးလမင်းကိုကြည့်နေသည်....။ထို့နောက် Nurseမတစ်ယောက်က လမင်းကိုစမ်းသပ်ပေးနေသည်.....။

YOU ARE READING
SUN & MOON in the whole universe(Uni)(Myanmar Fic)[Completed]
Romance*ကိုယ်တို့ရဲ့အမှတ်တမဲ့တွေ့ဆုံမှု မှ SUN & MOON in the whole universe သို့ပြောင်းလဲထားပါသည်...* "ကျောင်းသားဘဝကနေ.....သက်ဆုံးတိုင်ထိအတူတူဖြတ်သန်းချင်တယ်......မှူး..."