Part(3)

4.3K 97 1
                                    

Part(3)

"ကလင်ကလင်ကလင်ကလင်......"

11နာရီခွဲရှိ၍Breaktimeရောက်ပြီဖြစ်သည်။

"မြန်မာစာ စာအုပ်တေွထပ်လိုက်....ပြီးရင်ခတ်တာဆီကိုပေးပြီးနေမှူးခန့်ကနားနေခန်းကိုလာပို့လိုက်နော်....."

ခတ်တာက...

"ဟုတ်ကဲ့...."

စာအုပ်တေွကိုခတ်တာစုပြီးသူ့ခုံပေါ်တွင်တင်ထားသည်ကိုနေမှူးခန့်  မ သယ်၍အခန်းထဲမှထွက်သွားလေသည်။အခန်းဝတွင်.....

"ဘုတ်...ဘုတ်..ဘုတ်"

နေမှူးခန့်ဟာစိန်မရှည်သံဖြင့်....

"ဟာ....."

"Sorryနော်...အကို....."
လို့ပြောရင်းစာအုပ်တေွကိုပြန်စီပေးနေသူမှာလမင်းဖြစ်လေသည်။ထိုအချိန်တွင်နေမှူးခန့်က လမင်းလက်ထဲကစာအုပ်ကိုလုပြီးသူ သယ်ထားတဲ့စာအုပ်ပုံပေါ်တင်ကာ.....

"ရတယ်....ကိုယ့်လမ်းသာကိုယ်သွား..."

လို့ဆိုပြီးလမင်းကိုတစ်ချက်ကြည့်၍ထွက်သွားသည်။လမင်းကလည်းေခါင်းစောင်း၍....
'သူ့အလှည့်ကျတော့'လို့တေွးမိသေးသည်။ခဏလောက်ကြာတော့လမင်းသည်လက်ထဲမှColaနှင့်ထမင်းကြော်ဘူးဖွင့်၍အားရပါးရစားနေသည်မှာအလွန်ချစ်စရာကောင်းသည်။နီညိုရောင်ဆံပင်ကောက်များကသူ၏ဖြူဖပ်ဖြူရော်အသားရောင်နှင့်လိုက်ဖက်လှသည်။လမင်းသည်လူမှူဆက်ဆံရေးကောင်းသော်လည်းခပ်အေး"နေတတ်သူဖြစ်သည်..။

"ဟဲ့....."

လမင်းလန့်သွား၍နောက်လှည့်ကြည့်လိုက်သည်။ရွှန်းလဲ့တောက်ပသောမျက်လုံးများကသူ့ကိုကြည့်၍...သူမ၏လက်ထဲမှဘောပင်တစ်ချောင်းကိုလှမ်းပေးနေသည်။လမင်းသူမ၏အလှတွင်3 secondsလောက်နစ်မျောသွား၏။ထိုတွင်....

"ဒီမှာ....ဘောပင်"

"အော်...ဟု...ဟုတ်ကျေးဇူးပါ.."

"ရပါတယ်...."

"နင်က...အမရာ....."

"ဘုန်းမြတ်ပါ...အမရာဘုန်းမြတ်...."

"အော်..အင်းမေ့သွားလို့..."

"ရပါတယ်...."

*အမရာဘုန်းမြတ် -အသက်17
ဖော်ရွေ၊Tachi ၊boyတွေနဲ့အပေါင်းများ၊Wolf cut၊သတ်တိရှိ၊အသားပန်းရောင်သန်း၍ဖြူ၊အရပ်-5'7" *

"အော်...ငါကဇင်လမင်းအောင်...လမင်းဆိုရပြီ....
Colaသောက်ဦးမလား..."

လမင်းအနောက်သို့လှည့်၍အမရာ့ဆီသို့စကားလှည့်ပြောနေစဥ်နေမှူးခန့်ရောက်လာပြီးလမင်းပုခုံးကိုဆွဲလှည့်၍....

"စာအုပ်....?"

"ဘာစာအုပ်လဲ......"

"မြန်မာစာထပ်ရမှာကိုပြောတာ....."

လမင်းကစပ်ဖြီး"မျက်နှာဖြင့်....

"အော်..ငါမပြီးသေးဘူး..."

"မပြီးသေးရင်လဲအခုသွားလုပ်လိုက်....ဆရာမအပြစ်ပေးတာခံရလိမ့်မယ်....."

"ဟု..ဟုတ်ကဲ့"

ထိုတွင်အမရာကသူမတစ်ယောက်တည်းတီးတိုးသံဖြင့်.....

"Monitorဆိုပြီး..ဖီးတက်...ဟင်း..."

_________________________________

နေမှူးခန့်အခန်းထဲဝင်လာပြီးပြတင်းပေါက်ဘေးကလမင်း၏ခုံဘေးကပ်လျက်ရှိသူ၏စားပွဲပေါ်သို့ခေါက်ဆွဲပြုတ်ဘူးကိုတင်ပြီးစားနေသည်။လမင်းကစာရေးရင်းကနေ  နေမှူးခန့်စားနေသည်ကိုဖြေးဖြေးချင်းလှည့်၍ကြည့်မိသည်။ထိုအချိန်တွင်နေမှူးခန့်၏ပါးစပ်ဖျားတွင်ခေါက်ဆွဲလေးတန်းလန်းဖြစ်နေသည်ကိုလမင်းတေွ့သွားပြီးရယ်မိလိုက်သည်။ထိုသို့ရယ်နေသည်ကိုနေမှူးခန့်မြင်သွား၍ပလုတ်ပလောင်းဖြင့်......

"ဘာရယ်တာလဲ....."

"မင်းကို.,..."

လမင်းကအဲ့လိုပြောလိုက်တော့နေမှူးခန့်ကထလာပြီးလမင်းစားပွဲကိုသူ၏လက်ဖြင့်ထောက်ကာလမင်းမျက်နှာနားသို့ကပ်၍.....

"ဆက်ပြောလေ...."

"ဟမ်........."

ကျောင်းသူ/သားများ၏အကြည့်များကသူတို့နှစ်ဦးဆီတွင်......

"ငါ့ကို...ဘာဖြစ်လဲ.."

"မုန်းစရာကောင်းလို့..ရယ်တာ.....သိပြီလား....."
(ပြောင်းပြန်ပါနော်....👀)

ထိုတွင်နေမှူးခန့်ကမျက်လုံးကိုမှေး ၍သူ၏အောက်နှုတ်ခမ်းကိုထော်ကာ သူ့စားပွဲတွင်သူပြန်ထိုင်နေပြီးပြတင်းပေါက်ကိုငေးနေသည်။

SUN & MOON in the whole universe(Uni)(Myanmar Fic)[Completed] Where stories live. Discover now