နှောင်းစေ 🍁🍁

1 0 0
                                    

လိမ်တယ်လို့တော့ခေါင်းစဥ်မတပ်စေချင်ဘူး မ
ချစ်မိလွန်းသွားတဲ့အခါတချို့သောအကြောင်းအရာ
တွေကို မ မသိအောင်ကွက်ဝှက်ထားခဲ့ယုံပါ

                                      နှောင်းစေ🌼

သူမလည်းမဟုတ်တဲ့သူမ သူလည်းမဟုတ်တဲ့သူ့ကို
မေတ္တာသက်ဝင်နေရင်တောင်ဖွင့်မပြောဘူး
ဒါကမာနကြောင့်လို့ပြောရင်လည်းဟုတ်တယ်
မင်းကိုချစ်တယ်ဒါပေမဲ့ငါ့မာနကိုပိုချစ်တယ်..နှောင်း

                                      ဆောင်း🌹

မျော်လင့်ချက်မရှိတော့တဲ့အချစ်မှန်းသိပေမဲ့
လက်လွတ်ပေးဖို့ကိုယ့်နှလုံးသားကခွင့်မပြုတဲ့အခါ
အတ္တကြီးကြိီးနဲ့ဆွဲထားမိတုန်းပဲ

                                      ထိုက်ကိုကို🌷

ကိုယ်က မင်းမှမင်းဖြစ်နေတဲ့အချိန်
မင်းက သူမှသူဖြစ်နေတော့ သူမကိုမုန်းတယ်
အမှတ်မရှိမင်းကိုပဲစောင့်နေတဲ့ငါ့ကိုယ်ငါလည်း
မုန်းမိတယ်အချစ်ရယ်....အော်...
အခုမှသတိထားမိတယ်ကိုယ်မစခင်ကတည်းကရှုံးနေ​ပြီးသားဟာ

                                       ပိုင်ဇေ🌻

..........

လျှို့ဝှက်ချက် များစွာနဲ့ဘဝကိုအေးစက်စက်သာ
ရှင်သန်ရင်း၊သနားညာှတာခြင်းကင်းသလို၊မေတ္တာမရဖူးတဲ့သူ၊မေတ္တာမထားဖူးတဲ့သူက
ဘဝမှာအချစ်ကိုမလိုအပ်သလိုရှိလည်းမရှိခဲ့တဲ့
နှောင်းစေ ဆိုတဲ့မိန်းကလေးတယောက်ဟာ
အမှတ်မထင်ဘဝကိုအပူပင်မရှိအချစ်များစွာနဲ့
အေးချမ်းစွာနေထိုင်တဲ့ ဆောင်း ဆိုတဲ့မိန်းကလေးတယောက်ကိုချစ်မိသွားတဲ့အခါ
ထိုမိန်းကလေးရဲ့အချစ်ကိုရရန်လှည့်စားမူများစွာနဲ့
သူမထံချည်းကပ်ရင်း သူမအမုန်းကိုရရှိသွားခဲ့တယ်
သူမထံကအချစ်ကိုနောက်တခေါက်ထပ်ရနိုင်မလား
နှောင်းစေလိုချင်တဲ့မေတ္တာစစ်ကိုရရှိမှာလား
သူမတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုဖြစ်မှာလဲ

........

ဘဝကိုအေးချမ်းရိုးရှင်းစွာဖြတ်သန်းရင်းနေပျော်နေတဲ့
သူမဘဝထဲ သူမ မဖိတ်ခေါ်ခဲ့တဲ့ပူလောင်ခြင်းတွေတိတ်တဆိတ်
ဝင်ရောက်လာခဲ့တယ်ထိုပူလောင်ခြင်းကို
မသိစိတ်ကတိတ်တိတ်လေးသဘောကျပေမဲ့
ဦးနှောက်ကိုနှလုံးသားအထက်မှာထားရင်း
ချစ်ရသူကိုအမုန်းစကားဆိုနေရသောသူမက
ဆက်ပြီးအမုန်းစကားဆိုမလား
သူမ မာနထက်အချစ်ကပဲအနိုင်ယူလေမလား
သူမဘယ်လိုဆုံးဖြတ်မှာလဲ

........

ခုမှစာစမ်းရေးကြည့်တာပါ
အားပေးကြပါဦးနော် 😁😁😁😁

နှောင်းစေ 🍁🍁Where stories live. Discover now