"အင်း...ဒါပဲနော် 📲
📱တီ....📱
တစ်ဖက်မှလိုင်းကျသွားသည့်ဖုန်းကိုကြည့်ရင်း
ထိုက်ကိုကို၏မျက်ဝန်းသွယ်သွယ်အတွင်းမှညိုစိုစို
မျက်လုံး လေးသည်လည်းမှိုင်းညို့စွာကျန်ရစ်တော့သည်
အမြဲ ဆောင်း ထံမှ ချစ်တယ် ဆိုသောစကားမကြားရတိုင်းဤသို့သူကျန်နေမြဲပင်
သို့သော်လည်း သူထိုအရာနှင့်နေသားမကျနိုင်သေးပေ
မှိုင်းညို့ညို့ကောင်းကင်ပြင်အားဆေးရုံအဆောက်ဦး
လေသာဆောင်လက်ရန်းကိုမှီရင်းသူမော့ကြည့်နေရင်းအတွေးများရပြန်သည်
ဆောင်းနှင့်ထိုက်ချစ်သူဖြစ်ခဲ့တာ
ခုဆို2နှစ်ပင်ကျော်လာခဲ့ပြီဆောင်းနှင့်သူကမိဘချင်း
သဘောတူထား၍မိဘတို့၏သဘောကျတွဲနေ
ကြခြင်းပင် သူ့ဖက်ကတော့ဆောင်းကိုတကယ်ချစ်၍
ဆိုသော်လည်းဆောင်းကတော့မတူပေ
ဆောင်းကမိဘတွေအားမလွန်ဆန်နိုင်ခြင်းလည်း
ဖြစ်သလိုသူ့အား အားနာ၍လည်းဟုတ်သည်
ဒါတွေကိုသူ့ဘက်ကသိနေသော်လည်း
ဆောင်းအားလက်မလွတ်ပေးချင်ခဲ့
တနေ့တော့သူ့အချစ်တွေကြောင့်
ဆောင်းသူ့အားချစ်လာရန်မျော်လင့်မိသည်
ထိုက်အတွေးစများကိုဖျက်လျက်
ဒီအတောအတွင်း ဆောင်းနှင့်ပင်မတွေ့နိုင်အောင်
အလုပ်ပေးထားသည့်ဆေးရုံအုပ်နှင့်တွေ့ရန်
ရုံးခန်းသို့ထွက်လာခဲ့သည်
စာအိပ်ဖြူကိုလည်းတင်းကျပ်စွာဆုပ်ထားလို့ပေါ့'ဒေါက် ဒေါက်'
"ဝင်ခဲ့"
ထိုက်လည်းတံခါးတွန်းဖွင့်၍ဝင်သွားလိုက်သည်
"ဒါကဘာကြောင့်များပါလည်း"
ထိုက် သူကိုင်ထားသောစာအိပ်ဖြူအားဆေးရုံးအုပ်၏
စားပွဲပေါ်တင်ရင်းမေးခွန်းထုပ်လိုက်သည်
ထိုတော့မှဆေးရုံအုပ်ကလုပ်လက်စအလုပ်အား
ထားလျက်မက်တပ်ရပ်ပြီးတည်ငြိမ်အေးဆေးစွာ
ပြောလာခဲ့သည်"တကယ်တော့ဘာကြောင့်ဆိုတာမျိုးမရှိဘူး
မင်းကတကယ်တော်တဲ့ဆရာဝန်ကောင်းတယောက်ပါ
ဒါကြောင့်လည်းငါတို့ဘုတ်အဖွဲ့ဝင်တွေက
မင်းဒါကိုလုပ်နိုင်လောက်မယ်ထင်လို့
မင်းကိုအဲဒီမှာတာဝန်ယူဖို့ငါတို့ဆုံးဖြတ်လိုက်ကြ
တာပါမင်းရဲ့အမြင်ကိုငါအရင်မမေးလိုက်မိဘူး
တကယ်စိတ်မကောင်းပါဘူး""ကျွန်တော် မလုပ်နိုင်မှာစိုးတယ်ဆရာ"
ထိုက် စိုးရွံစွာဆိုမိသည်
"မင်းကငါ့အချိိီးမွမ်းရဆုံးသောတပည့်ပါ
အလုပ်ကိုချစ်တယ်လေးစားတယ်ကြိုးစားတယ်မင်းတကယ်လုပ်နိုင်မှာပါ ငါယုံကြည်တယ်ထိုက်ရာ နော်"ထိုက် ပခုံးကိုဖက်လျက်ဆိုလာသောထိုက်၏ဆရာတဖြစ်လဲ
ဆေးရုံးအုပ်Dr. စောနိုင်ကြောင့် ထိုက်တောင့်တင်းလှသောအပြုံးကိုတု့န်ပြန်ရင်း
နှုတ်ဆက်စကားဆိုလျက်ထိုရုံးခန်းတွင်းမှထွက်လာခဲ့သည်.......
အားပေးကြပါဦးနော် 😁😁😁😁