သီဟ လည်း စေ၏အမိန့်အတိုင်းကားကို
လမ်းဘေးချရပ်လိုက်သည်
ပြီးနောက်သူအရင်ကားပေါ်မှဆင်းကာ
စေ အားတံခါးဖွင့်ပေးခဲ့ပြီး
ဘေးနားရှိလမ်းဘေးသစ်ပင်အောက်သို့
စိတ်ရှိလက်ရှိ ထိုင်ချရင်း
ကျယ်ပြောလှသော
ညကောင်းကင်ယံကိုမော့ကြည့်ရင်း
မျက်ရည်မကျမိအောင်မျက်ဝန်းဝိုင်းများကို
မျက်တောင်ရှည်ဖြင့်ထိန်းလျက်
ဟိုတစုဒီတစုရှိနေသောကြယ်များနှင့်
ထိန်ထိန်သာနေသောလဝန်းဝိုင်းအား
အကြောင်းမဲ့ငေးနေမိသည်
သိပ်မကြာလိုက် စေက
သူ့ဘေးတွင်လာထိုင်လျက်စကားစလာခဲ့သည်"ဟုတ်တယ် သီဟ
ကိုယ်ကသိပ်ပြတ်သားတယ်
မင်းကိုနာကျင်စေဖို့တော့မရည်ရွယ်ဘူး
မင်းကိုပျော်ရွှင်နေတာပဲကိုယ်မြင်ချင်တာ
မင်းကကိုယ်တန်ဖိုးထားရတဲ့သူပါ
မင်းကို ကိုယ့်အဝေးကိုတွန်းပို့ပေးတာကလည်း
မင်းကိုအဆင်ပြေနေတာ
အချစ်ခံနေရတာကိုမြင်ချင်ယုံပဲ
မင်းအတွက်ဖြစ်မလာမဲ့အရာကို
အရူးတယောက်လိုမျော်လင့်မနေစေချင်ရုံပဲ
သီဟ မင်းကိုချစ်တဲ့ နေး ဆီမှာ
တနေ့မင်းပျော်လာမှာပါ
မင်းပြောသလိုကိုယ်ဟန်ဆောင်ပြီးပဲ
ဖြစ်ဖြစ် မင်းကိုပိုနာကျင်အောင်မလုပ်နိုင်ဘူး""မဟုတ်ဘူး စေ
မဟုတ်ဘူး ငါမချစ်တဲ့သူဆီမှာငါမပျော်ဘူး
ငါမင်းနားမှာပဲရှိချင်တယ်
မင်းသူမကိုတောင်အချိန်ခနလေးနဲ့
ချစ်သွားတာပဲ
ငါ့ကိုရောမင်းဘေးနားမှာနေဖို့ခွင့်ပြုရင်
တဖြည်းဖြည်းနဲ့ ချစ်လာနိုင်မှာပဲလေ""တော်တော့သီဟ မရူးမိုက်ချင်စမ်းနဲ့ကွာ
မရူးပါနဲ့ နားလည်စမ်းပါ
ချစ်မိသွားဖို့အမိန့်ပေးလို့မရဘူး
နှလုံးသားက သူ့ဘာသာသူရွေးချယ်ခဲ့တာ
အချိန်အပိုင်းခြားနဲ့မဆိုင်ဘူး သီဟ""ဒါဆို ဘာလို့ နေး ကို ချစ်ဖို့ငါ့ကိုတွန်းအားပေးရတာလည်း
စေ ဟင်မင်းဖြေလေ
ပြီးတော့ သူမကမင်းကိုချစ်လာအောင်
ဘာလို့မင်းလုပ်နေတာလဲ
ငါ့ကိုဖြေ စေ ဖြေလေ""မတူဘူး သီဟ မတူဘူး
ဘာလို့လဲဆိုတော့မင်းချစ်မိတဲ့သူက
သူမတယောက်ထဲကိုချစ်ဖို့
ဖြစ်တည်လာခဲ့တဲ့ကိုယ်မို့လို့ပဲ
ပြီးတော့ နေး ဆိုတာဒီကမ္ဘာမှာမင်းကိုမင်း
ချစ်တာထက်မင်းကိုပိုချစ်နိုင်တဲ့သူမို့ပဲ
သူမ ကတော့သူမနှလုံးသားမှာ
ကိုယ့်အတွက်နေရာသေးသေးလေးကိုယ်တွေ့ခဲ့လို့ပဲ
မင်းကိုယ့်နှလုံးသားမှာမင်းအတွက်နေရာ
တခုလေးများဒီနှစ်တွေထဲမှာတွေ့မိလား
ဟင် သီဟ"